32. ထိုပြင်သူတို့သည်ဧတံ၊ အိန်း၊ ရိမ္မုန်၊ တောခင်၊ အာရှန်တည်းဟူသောမြို့ငါးမြို့နှင့်တကွ၊-
33. အနောက်တောင်ဘက်ရှိဗာလမြို့တိုင်အောင် အနီး အနားကျေးရွာတို့တွင်လည်းနေထိုင်ကြ၏။ ဤကားမိမိတို့ဆွေမျိုးသားချင်းစုနှင့် မိမိ တို့နေထိုင်ရာဒေသများအကြောင်းကို မှတ်တမ်းတင်ထားခြင်းအရဖြစ်ပေသည်။
34-38. ထိုသူတို့၏သားချင်းစုဦးစီးခေါင်းဆောင် များမှာမေရှောဗပ်၊ယာမလက်၊အာမဇိ၏သား ယောရှ၊ယောလ၊စရာယ၏မြေး၊အာသေလ၏မြစ်၊ယောရှိဘိယ သားဖြစ်သောယေဟု၊ဧလျောနဲ၊ယာကောဘ၊ယေရှောဟာယ၊အသာယ၊ အဒျေလ၊ယေသိမျေလ၊ဗေနာယ၊ယေဒါယ၊ရှိမရိ၊ရှေမာယနှင့်အလ္လုန်မှဆင်း သက် လာသောရှိဖိ၏သားဇိဇ။ထိုသူတို့၏အိမ်ထောင်စုများသည်ဆက် လက်တိုးပွားများပြားလာသဖြင့်၊-
39. အနောက်ဘက်တွင်ဂေရာမြို့အနီးသို့တိုင် အောင်ပြန့်နှံ့သွားလျက် ထိုမြို့တည်ရာချိုင့် ဝှမ်းအရှေ့ဘက်တွင်သိုးများကိုထိန်း ကျောင်းကြ၏။-
40. သူတို့သည်ငြိမ်းချမ်းသာယာသည့်မြေပြန့် ဒေသတွင် စားကျက်ကောင်းများကိုအလုံ အလောက်တွေ့ရှိကြလေသည်။ ထိုအရပ်တွင် နေထိုင်ခဲ့ကြသူတို့မှာဟာမအမျိုးသား များဖြစ်သတည်း။