၁ ရာ​ချုပ် 24:28-29-31 Common Language Bible (BCL)

3. ဒါ​ဝိဒ်​သည်​အာ​ရုန်​၏​သား​မြေး​တို့​အား​သူ တို့​၏​တာ​ဝန်​ဝတ္တ​ရား​များ​အ​လိုက် အုပ်​စု​များ ခွဲ​၍​ပေး​တော်​မူ​၏။ ဤ​သို့​တာ​ဝန်​ခွဲ​ပေး​ရာ ၌​မင်း​ကြီး​အား​ဧ​လာ​ဇာ​၏​သား​မြေး​ဖြစ်​သူ ဇာ​ဒုတ်​နှင့်​ဣ​သ​မာ​၏​သား​မြေး​ဖြစ်​သူ အ​ဟိ​မ​လက်​တို့​က​ကူ​ညီ​ကြ​၏။-

4. ဧ​လာ​ဇာ​၏​သား​မြေး​တို့​ကို​အုပ်​စု​တစ်​ဆယ့် ခြောက်​ခု​ဖွဲ့​၍ ဣ​သ​မာ​၏​သား​မြေး​တို့​ကို​မူ အုပ်​စု​ရှစ်​ခု​ဖွဲ့​၍​ထား​လေ​သည်။ ဤ​သို့​ပြု​ရ ခြင်း​အ​ကြောင်း​မှာ​ဧ​လာ​ဇာ​၏​သား​မြေး တို့​တွင်​အ​မျိုး​သား​အိမ်​ထောင်​ဦး​စီး​ဦး​ရေ ပို​၍​များ​သော​ကြောင့်​ဖြစ်​၏။-

5. ဧ​လာ​ဇာ​နှင့်​ဣ​သ​မာ​နှစ်​ဦး​စ​လုံး​၏​သား မြေး​တို့​တွင်​ဗိ​မာန်​တော်​အ​ရာ​ရှိ​များ​နှင့် ဝိ​ညာဉ်​ရေး​ခေါင်း​ဆောင်​များ​ပါ​ရှိ​သ​ဖြင့် တာ​ဝန်​ခွဲ​ခန့်​သတ်​မှတ်​မှု​ကို​မဲ​ချ​၍​ဆောင် ရွက်​ရ​ကြ​လေ​သည်။-

6. ဧ​လာ​ဇာ​နှင့်​ဣ​သ​မာ​တို့​၏​သား​မြေး​များ သည် အ​လှည့်​ကျ​မဲ​နှိုက်​ရ​ကြ​၏။ ထို့​နောက်​သူ တို့​၏​နာ​မည်​များ​ကို​နာ​သ​နေ​လ​၏​သား၊ လေ​ဝိ​အ​နွယ်​ဝင်​အ​တွင်း​ရေး​မှူး​တစ်​ဦး​ဖြစ် သူ ရှေ​မာ​ရ​က​မှတ်​ပုံ​တင်​ရ​၏။ ယင်း​သို့​မှတ် ပုံ​တင်​ရာ​တွင်​ရှင်​ဘု​ရင်၊ မှူး​မတ်​များ၊ ယဇ် ပု​ရော​ဟိတ်​ဇာ​ဒုတ်၊ အ​ဗျာ​သာ​၏​သား​အ​ဟိ မ​လက်၊ ယဇ်​ပု​ရော​ဟိတ်​တို့​၏​အိမ်​ထောင်​ဦး​စီး များ​နှင့်​လေ​ဝိ​အ​နွယ်​ဝင်​တို့​၏​အိမ်​ထောင် ဦး​စီး​များ​သည်​အ​သိ​သက်​သေ​ဖြစ်​ကြ​၏။

28-29. ဧ​လာ​ဇာ​နှင့်​ကိ​ရှ​ဟူ​သော​သား​နှစ်​ယောက် မ​ဟာ​လိ​၌​ရှိ​၏။ ဧ​လာ​ဇာ​တွင်​သား​မ​ရှိ။ သို့​ရာ​တွင်​ကိ​ရှ​၌​ယေ​ရ​မေ​လ​ဟူ​သော သား​တစ်​ယောက်​ရှိ​၏။-

30. မု​ရှိ​၌​မ​ဟာ​လိ၊ ဧ​ဒါ၊ ယေ​ရိ​မုတ်​ဟူ သော​သား​သုံး​ယောက်​ရှိ​သ​တည်း။ဤ​သူ​တို့​သည်​အိမ်​ထောင်​စု​အ​လိုက်​လေဝိ အ​နွယ်​ဝင်​များ​ဖြစ်​ကြ​၏။

31. မိ​မိ​တို့​၏​ဆွေ​မျိုး​များ​ဖြစ်​သော​အာ​ရုန်​မှ ဆင်း​သက်​လာ​သော ယဇ်​ပု​ရော​ဟိတ်​များ​ပြု​ခဲ့ ကြ​သည့်​နည်း​တူ၊ အိမ်​ထောင်​စု​တိုင်း​မှ​အိမ် ထောင်​ဦး​စီး​နှင့်​ယင်း​အိမ်​ထောင်​မှ​ညီ​ဖြစ်​သူ တစ်​ယောက်​သည်​မဲ​ချ​၍ တာ​ဝန်​ဝတ္တ​ရား​များ ကို​ယူ​ရ​ကြ​၏။ ဤ​သို့​ပြု​ရာ​၌​ဒါ​ဝိဒ်​မင်း၊ ဇာ​ဒုတ်၊ အ​ဟိ​မ​လက်၊ ယဇ်​ပု​ရော​ဟိတ်​တို့ ၏​အိမ်​ထောင်​ဦး​စီး​များ​နှင့်​လေ​ဝိ​အ​နွယ် ဝင်​တို့​၏​အိမ်​ထောင်​ဦး​စီး​များ​သည်​အ​သိ သက်​သေ​ဖြစ်​ကြ​၏။

၁ ရာ​ချုပ် 24