5. သူသည်စစ်မှုထမ်းနိုင်သူလူပေါင်းဣသ ရေလပြည်မှ တစ်သန်းတစ်သိန်းနှင့်ယုဒ ပြည်မှလေးသိန်းခုနစ်သောင်းရှိကြောင်း ဒါဝိဒ်မင်းအားအစီရင်ခံလေသည်။-
6. ယွာဘသည်ဘုရင်၏အမိန့်ကိုမနှစ်သက် သဖြင့် လေဝိနှင့်ဗင်္ယာမိန်အနွယ်တို့တွင် သန်းခေါင်စာရင်းမကောက်ယူခဲ့ပေ။
7. ဒါဝိဒ်ပြုသောအမှုကိုဘုရားသခင်သည် နှစ်သက်တော်မမူသဖြင့် ဣသရေလ အမျိုးသားတို့အားဒဏ်ခတ်တော်မူ၏။-
8. ဒါဝိဒ်က``ကျွန်တော်မျိုးသည် ဤကြောက်မက် ဖွယ်ကောင်းသောအပြစ်ကိုကူးလွန်မိပါပြီ။ ကျွန်တော်မျိုးအား အပြစ်ဖြေလွှတ်တော် မူပါ။ ကျွန်တော်မျိုးသည် မိုက်မဲစွာပြုမိ ပါပြီ'' ဟုဘုရားသခင်အားလျှောက် ထား၏။
9. ထိုအခါထာဝရဘုရားသည် ဒါဝိဒ်၏ ပရောဖက်ဖြစ်သူဂဒ်အား၊-
10. သင်သည်ဒါဝိဒ်ထံသို့သွားလော့။ ငါပြုရန် ရှိသည့်အမှုသုံးခုအနက် သူသည်မိမိ ကြိုက်နှစ်သက်ရာတစ်ခုကို ရွေးချယ်နိုင် ကြောင်းပြောကြားလော့။ သူရွေးချယ်ရာ ကိုငါပြုမည်'' ဟုမိန့်တော်မူ၏။