13. စွမ်းရည်သတ္တိရှိစေကြလော့။ ငါတို့သည် မိမိတို့၏လူမျိုး၊ မိမိတို့ကိုးကွယ်သော ဘုရားသခင်၏မြို့များအတွက်ကြိုး စား၍တိုက်ခိုက်ကြကုန်အံ့။ ထာဝရ ဘုရားသည်မိမိအလိုတော်ရှိသည် အတိုင်းဖြစ်ပါစေသော'' ဟုအဘိရှဲ အားဆို၏။
14. ယွာဘနှင့်သူ၏တပ်သားတို့သည်ရှေ့သို့ ချီတက်တိုက်ခိုက်လျှင် ရှုရိတပ်သားတို့ သည်ထွက်ပြေးကြကုန်၏။-
15. ယင်းသို့ထွက်ပြေးသည်ကိုအမ္မုန်တပ်သား တို့မြင်သောအခါ သူတို့သည်လည်းအဘိရှဲ ၏ရှေ့မှထွက်ပြေးကာမြို့တွင်းသို့ဆုတ် ခွာသွားကြကုန်၏။ ထိုအခါယွာဘသည် ယေရုရှလင်မြို့သို့ပြန်လေ၏။
16. ရှုရိအမျိုးသားတို့သည် ဣသရေလအမျိုး သားတို့အနိုင်ရသွားကြောင်းကိုသိရှိလာ ကြသဖြင့် သူတို့သည်ဥဖရတ်မြစ်အရှေ့ ဘက်ကမ်းရှိရှုရိပြည်နယ်မှစစ်သားတို့ကို ခေါ်ယူကာ ဇောဘပြည်မှဟာဒဒေဇာမင်း တပ်မတော်တပ်မှူးရှောဗက်၏လက်အောက် တွင်ထားရှိကြ၏။-