14. ငါ၏လူမျိုးတော်နှင့်ငါ့နိုင်ငံတော်ကိုထာဝ စဉ်စောင့်ရှောက်ရန် သူ့ကိုတာဝန်ပေးအပ်မည်။ သူ၏မင်းဆက်သည်အဘယ်အခါ၌မျှ ပြတ်ရလိမ့်မည်မဟုတ်' ဟုပြောကြားလော့'' ဟူ၍နာသန်အားမိန့်တော်မူ၏။
15. နာသန်သည်ဘုရားသခင်ဖွင့်ပြတော်မူသော ဗျာဒိတ်တော်မှန်သမျှကို ဒါဝိဒ်အားပြန် ကြားလျှောက်ထားလေ၏။
16. ဒါဝိဒ်မင်းသည်တဲတော်ထဲသို့ဝင်၍ထာဝရ ဘုရား၏ရှေ့တော်၌ထိုင်ပြီးလျှင်``အို ထာဝရ အရှင်ဘုရားသခင်၊ ကျွန်တော်မျိုးနှင့်ကျွန် တော်မျိုး၏အိမ်ထောင်စုသည် ကိုယ်တော်ရှင် ပြုတော်မူသောကျေးဇူးတော်အပေါင်းနှင့် မထိုက်တန်ပါ။-