၁ ရာ​ချုပ် 10:12-14 Common Language Bible (BCL)

12. သူ​ရဲ​ကောင်း​အ​ပေါင်း​တို့​သည်​သွား​၍ ရှော​လု မင်း​နှင့်​သား​တို့​၏​အ​လောင်း​များ​ကို​ယာ​ဗက် မြို့​သို့​ယူ​ဆောင်​ခဲ့​ကြ​၏။ ထို​နောက်​အရိုး​တို့​ကို ဝက်​သစ်​ချ​ပင်​အောက်​တွင်​သင်္ဂြိုဟ်​ကြ​ပြီး​လျှင် ခု​နစ်​ရက်​တိုင်​တိုင်​အ​စာ​ရှောင်​ကြ​ကုန်​၏။

13. ရှော​လု​မင်း​ကွယ်​လွန်​တော်​မူ​ရ​ခြင်း​အ​ကြောင်း မှာ သူ​သည်​ထာ​ဝ​ရ​ဘု​ရား​အ​ပေါ်​သစ္စာ​ဖောက် သော​ကြောင့်​ဖြစ်​၏။ သူ​သည်​ထာ​ဝ​ရ​ဘု​ရား​၏ အ​မိန့်​တော်​တို့​ကို​လွန်​ဆန်​ခဲ့​၏။-

14. ထာ​ဝ​ရ​ဘု​ရား​နှင့်​တိုင်​ပင်​မည့်​အ​စား​လူ​သေ တို့​၏​ဝိ​ညာဉ်​များ​နှင့်​နှီး​နှော​တိုင်​ပင်​ခဲ့​လေ သည်။ သို့​ဖြစ်​၍​ထာ​ဝ​ရ​ဘု​ရား​သည်​ရှော​လု အား ကွပ်​မျက်​တော်​မူ​၍​သူ​၏​နိုင်​ငံ​ကို​ယေ​ရှဲ ၏​သား​ဒါ​ဝိဒ်​အား​အုပ်​စိုး​စေ​တော်​မူ သ​တည်း။

၁ ရာ​ချုပ် 10