၁ ကော 3:1-6 Common Language Bible (BCL)

1. ညီ​အစ်​ကို​တို့၊ အ​မှန်​အား​ဖြင့်​ဆို​သော်​ငါ​သည် သင်​တို့​အား ဝိ​ညာဉ်​တော်​ကို​ခံ​ယူ​ရ​ရှိ​သူ​များ အ​နေ​ဖြင့်​ပြော​ဆို​၍​မ​ဖြစ်။ လော​ကီ​သား​များ သ​ဖွယ်​အ​နေ​ဖြင့်​လည်း​ကောင်း၊ ခ​ရစ်​ယာန်​သက် တွင်​ကလေး​သူ​ငယ်​များ​အ​နေ​ဖြင့်​လည်း​ကောင်း ပြော​ဆို​ရ​၏။-

2. ကြေ​ခဲ​သော​အ​စား​အ​စာ​ကို​သင်​တို့​မ​စား နိုင်​ကြ​သေး​သ​ဖြင့် ငါ​သည်​သင်​တို့​အား​နို့ ကို​သာ​တိုက်​ကျွေး​ရ​၏။ ယ​ခု​တိုင်​အောင်​သင် တို့​သည်​အ​စာ​မ​ကြေ​နိုင်​ကြ။-

3. သင်​တို့​သည်​လော​ကီ​သား​များ​အ​ဆင့်​အ​တန်း ၌​သာ​နေ​ကြ​သေး​၏။ အ​ချင်း​ချင်း​မ​နာ​လို လျက်၊ ရန်​ဖြစ်​လျက်​နေ​ကြ​သည်​မှာ​လော​ကီ သား​အ​ဆင့်​အ​တန်း​၌​ပင်​သင်​တို့​ရှိ​နေ​ကြ သေး​၍​မ​ဟုတ်​ပါ​လော။ လော​ကီ​ထုံး​စံ​အ​တိုင်း ကျင့်​ကြံ​နေ​ကြ​ခြင်း​ပင်​မ​ဟုတ်​ပါ​လော။-

4. ငါ​သည်​ပေါ​လု​တ​ပည့်​ဖြစ်​သည်၊ ငါ​သည် အာ​ပေါ​လု​တ​ပည့်​ဖြစ်​သည်​ဟု​သင်​တို့​ဆို သည့်​အ​ခါ သင်​တို့​သည်​လော​ကီ​ဆန်​သူ များ​ကဲ့​သို့​ပြု​မူ​ခြင်း​ပင်​မ​ဟုတ်​ပါ​လော။

5. အာ​ပေါ​လု​ကား​အ​ဘယ်​သူ​နည်း။ ပေါ​လု​ကား အ​ဘယ်​သူ​နည်း။ သူ​တို့​သည်​ဘု​ရား​သ​ခင်​၏ အ​စေ​ခံ​များ​သာ​လျှင်​ဖြစ်​၍ သင်​တို့​ယုံ​ကြည် လာ​စေ​ရန်​ပြု​စု​ပေး​ကြ​သူ​များ​ဖြစ်​၏။ ငါ တို့​တစ်​ဦး​စီ​သည်​သ​ခင်​ဘု​ရား​ခွဲ​ဝေ​သတ် မှတ်​ပေး​တော်​မူ​သော​တာ​ဝန်​အ​သီး​သီး ကို​ထမ်း​ဆောင်​ကြ​ရ​သည်။-

6. ငါ​သည်​မျိုး​စေ့​ကို​စိုက်​၏။ အာ​ပေါ​လု​ကား ရေ​လောင်း​၏။ အ​ပင်​ပေါက်​စေ​တော်​မူ​သော အ​ရှင်​ကား​ဘု​ရား​သ​ခင်​ပေ​တည်း။-

၁ ကော 3