8. ကျွန်ဖြစ်စေ၊ လွတ်လပ်သူဖြစ်စေ၊ မည်သူမဆို မိမိပြုသည့်ကောင်းမှုအတွက် သခင်ဘုရား ထံမှဆုလာဘ်ကိုရရှိလိမ့်မည်ဟုသိမှတ် ကြလော့။
9. သခင်တို့၊ ခြိမ်းခြောက်မှုကိုမပြုဘဲထိုနည်းတူပင် ကျွန်များနှင့်ဆက်ဆံကြလော့။ သင်တို့နှင့်သင်တို့၏ ကျွန်များမှာကောင်းကင်ဘုံတွင်သခင်တစ်ပါးတည်း ရှိကြောင်းကိုလည်းကောင်း၊ ထိုသခင်သည်မျက်နှာ ကြီးငယ်လိုက်တော်မမူကြောင်းကိုလည်းကောင်း သတိရကြလော့။
10. သင်တို့သည်သခင်ဘုရားနှင့်တစ်လုံးတစ်ဝတည်း ဖြစ်လျက် ကိုယ်တော်၏တန်ခိုးတော်အားဖြင့်ကြံ့ခိုင် ခြင်းရှိကြရန်ငါနောက်ဆုံးမှာကြားလို၏။-
11. မာရ်နတ်၏ပရိယာယ်များကိုခုခံကာကွယ်နိုင်ရန် ဘုရားသခင်၏လက်နက်စုံကိုဝတ်ဆင်ကြလော့။-