ဧ​ဇ​ရ 10:5-7-8 Common Language Bible (BCL)

5. ထို့​ကြောင့်​ဧ​ဇ​ရ​သည်​ယဇ်​ပု​ရော​ဟိတ်​တို့ ၏​ခေါင်း​ဆောင်​များ၊ လေ​ဝိ​အ​နွယ်​ဝင်​တို့​၏ ခေါင်း​ဆောင်​များ၊ ပြည်​သူ​တို့​၏​ခေါင်း​ဆောင် များ​အား​ရှေ​က​နိ​ပေး​သည့်​အ​ကြံ​အ​တိုင်း ဆောင်​ရွက်​ပါ​မည်​ဟူ​သော​သစ္စာ​က​တိ​ကို ပြု​စေ​၏။-

6. ထို​နောက်​သူ​သည်​ဗိ​မာန်​တော်​ရှေ့​မှ​ထ​သွား​၍ ဧ​လျာ​ရှိပ်​၏​သား​ယော​ဟ​နန်​၏​အ​ခန်း​သို့ သွား​ပြီး​လျှင် ပြည်​နှင်​ဒဏ်​သင့်​ရာ​မှ​ပြန်​လာ သူ​တို့​သစ္စာ​မဲ့​မှု​ကြောင့်​တစ်​ညဥ့်​လုံး​မ​စား မ​သောက်​ဘဲ​ညဉ်း​တွား​မြည်​တမ်း​လျက်​နေ​၏။

7-8. ထို​နောက်​ပြည်​နှင်​ဒဏ်​သင့်​ရာ​မှ​ပြန်​လာ​သူ အ​ပေါင်း​တို့​သည် အုပ်​ချုပ်​ရေး​မှူး​များ​နှင့် ပြည်​သူ​ခေါင်း​ဆောင်​များ​၏​အ​မိန့်​အ​ရ ယေ​ရု​ရှ​လင်​မြို့​သို့​သုံး​ရက်​အ​တွင်း​လာ ရောက်​စု​ရုံး​ကြ​ရ​မည်​ဖြစ်​ကြောင်း၊ ယင်း သို့​လာ​ရောက်​ရန်​ပျက်​ကွက်​သူ​များ​သည် မိ​မိ​တို့​တွင်​ရှိ​သ​မျှ​သော​ဥစ္စာ​ပစ္စည်း​များ ကို​အ​သိမ်း​ခံ​ရ​ကာ ဣ​သ​ရေ​လ​အ​မျိုး သား​အ​သိုင်း​အ​ဝိုင်း​မှ​ထုတ်​ပယ်​ခြင်း ကို​ခံ​ကြ​ရ​မည်​ဖြစ်​ကြောင်း​ကို ယေ​ရု ရှ​လင်​မြို့​နှင့်​ယု​ဒ​ပြည်​တစ်​လျှောက်​လုံး ၌​ကြေ​ညာ​ကြ​၏။-

10. ယဇ်​ပု​ရော​ဟိတ်​ဧ​ဇ​ရ​သည်​ထ​၍ ထို​သူ​တို့ အား​မိန့်​ခွန်း​မြွက်​ကြား​၏။ ဧ​ဇ​ရ​က``သင်​တို့ သည်​သစ္စာ​မဲ့​ကြ​လေ​ပြီ။ လူ​မျိုး​ခြား​အ​မျိုး သ​မီး​များ​နှင့်​ထိမ်း​မြား​စုံ​ဖက်​ကာ ဣ​သ ရေ​လ​အ​မျိုး​အား​အ​ပြစ်​သင့်​စေ​ကြ လေ​ပြီ။-

11. သို့​ဖြစ်​၍​သင်​တို့​အ​ပြစ်​ကို သင်​တို့​ဘိုး​ဘေး များ​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​အား ဖော်​ပြ​ဝန်​ခံ​ပြီး​လျှင် ကိုယ်​တော်​နှစ်​သက်​တော် မူ​သည့်​အ​မှု​ကို​ပြု​ကြ​လော့။ ငါ​တို့​ပြည် တွင်​သင်​တို့​နှင့်​အ​တူ နေ​ထိုင်​ကြ​သူ​လူ​မျိုး ခြား​တို့​နှင့်​လည်း​ကောင်း၊ သင်​တို့​၏​လူ​မျိုး ခြား​ဇ​နီး​များ​နှင့်​လည်း​ကောင်း​ခွဲ​ခွာ ကြ​လော့'' ဟု​ဆို​၏။

12. လူ​တို့​က​လည်း``အ​ရှင်​အ​မိန့်​ရှိ​သည့်​အ​တိုင်း အ​ကျွန်ုပ်​တို့​ပြု​ပါ​မည်'' ဟု​ပြန်​လည်​ဟစ် အော်​ပြော​ဆို​ကြ​၏။-

13. သို့​ရာ​တွင်​သူ​တို့​က​ဆက်​လက်​၍``ဤ​လူ​အုပ် သည်​အ​လွန်​ကြီး​မား​၍ မိုး​သည်​လည်း​သည်း ထန်​စွာ​ရွာ​လျက်​ရှိ​ပါ​၏။ အ​ကျွန်ုပ်​တို့​သည် လ​ဟာ​ပြင်​တွင် ဤ​သို့​ရပ်​လျက်​မ​နေ​နိုင် ကြ​ပါ။ အ​ကျွန်ုပ်​တို့​အ​မြောက်​အ​မြား​ပင် ထို​အ​ပြစ်​ကို​ကူး​လွန်​ခဲ့​ကြ​သည်​ဖြစ်​၍ ဤ​အ​မှု​ကိစ္စ​ကို​တစ်​ရက်​နှစ်​ရက်​နှင့်​ဆောင် ရွက်​၍​ပြီး​မည်​မ​ဟုတ်​ပါ။-

14. ထို့​ကြောင့်​အ​ကျွန်ုပ်​တို့​၏​အုပ်​ချုပ်​ရေး​မှူး များ​သည် ယေ​ရု​ရှ​လင်​မြို့​တွင်​နေ​၍ ဤ အ​မှု​ကိစ္စ​ကို​တာ​ဝန်​ယူ​ဆောင်​ရွက်​ကြ ပါ​စေ။ ထို​နောက်​အ​ကျွန်ုပ်​တို့​မြို့​ရွာ​များ တွင် လူ​မျိုး​ခြား​အ​မျိုး​သ​မီး​များ​နှင့် စုံ​ဖက်​နေ​ထိုင်​သူ​အ​ပေါင်း​တို့​သည် မိ​မိ တို့​မြို့​ရွာ​ခေါင်း​ဆောင်​များ၊ တ​ရား​သူ ကြီး​များ​နှင့်​အ​တူ​ချိန်း​ချက်​သော အ​ချိန်​တွင်​လာ​ရောက်​လျက် ဤ​အ​မှု နှင့်​စပ်​လျဉ်း​၍​ဘု​ရား​သ​ခင်​၏​အ​မျက် တော်​ကို​ပြေ​ငြိမ်း​အောင်​ပြု​ကြ​ပါ​စေ'' ဟု​ပြော​ကြား​ကြ​၏။-

15. မေ​ရှု​လံ​နှင့်​လေဝိ​အ​နွယ်​ဝင်​ရှဗ္ဗ​သဲ​တို့​၏ ထောက်​ခံ​မှု​ကို​ရ​သော အာ​သ​ဟေ​လ​၏​သား ယော​န​သန်​နှင့်​တိ​က​ဝ​၏​သား​ယ​ဟာ​ဇိ တို့​က​လွဲ​၍ အ​ခြား​အ​ဘယ်​သူ​မျှ​ထို အ​ကြံ​ကို​မ​ကန့်​ကွက်​ကြ။

18. လူ​မျိုး​ခြား​များ​နှင့်​အိမ်​ထောင်​ကျ​သူ​များ စာ​ရင်း​မှာ​အောက်​ပါ​အ​တိုင်း​ဖြစ်​၏။ယော​ရှု​သား​ချင်း​စု​နှင့်​သူ​၏​ညီ​များ။ ယော​ဇ ဒက်​၏​သား​များ​ဖြစ်​ကြ​သော​မာ​သေ​ယ၊ ဧ​လျေ​ဇာ၊ ယာ​ရိပ်​နှင့်​ဂေ​ဒ​လိ။-

19. သူ​တို့​သည်​မိ​မိ​တို့​ဇ​နီး​များ​နှင့်​ကွာ​ရှင်း ပါ​မည်​ဟု​က​တိ​ပြု​ကြ​ပြီး​လျှင် မိ​မိ​တို့ အ​ပြစ်​များ​အ​တွက်​သိုး​ထီး​တစ်​ကောင်​ကို ယဇ်​ပူ​ဇော်​ကြ​၏။

20. ဣ​မေ​ရ​သား​ချင်း​စု​မှ​ဟာ​နန်​နှင့်​ဇေ​ဗ​ဒိ။

21. ဟာ​ရိမ်​သား​ချင်း​စု​မှ မာ​သေ​ယ၊ ဧ​လိ​ယ၊ ရှေ​မာ​ယ၊ ယေ​ဟေ​လ​နှင့်​သြ​ဇိ။

22. ပါ​ရှု​ရ​သား​ချင်း​စု မှ​ဧ​လိ​သြ​နဲ၊ မာ​သေ​ယ၊ ဣရှ​မေ​လ၊ နာ​သ​နေ​လ၊ ယော​ဇ​ဗဒ်​နှင့်​ဧ​လာ​သ။

23. ယော​ဇ​ဗဒ်၊ ရှိ​မိ၊ ကေ​လာ​ယ (ခေါ်) ကေ​လိ​တ၊ ပေ​သာ​ဟိ၊ ယု​ဒ​နှင့်​ဧ​လျေ​ဇာ။

24. ဧ​လျာ​ရှိပ်။ရှလ္လုံ၊ တေ​လင်​နှင့်​ဥ​ရိ။

25. ပါ​ရုတ်​သား​ချင်း​စု​မှ ရာ​မိ၊ ယေ​ဇိ၊ မာ​လ​ခိ​ယ၊ မျာ​မိန်၊ ဧ​လာ​ဇာ၊ မာ​လ​ခိ​ယ​နှင့်​ဗေ​နာ​ယ။

26. ဧ​လံ​သား​ချင်း​စု​မှ​မတ္တ​နိ၊ ဇာ​ခ​ရိ၊ ယေ​ဟေ​လ၊ အာ​ဗ​ဒိ၊ ယေ​ရ​မုတ်​နှင့်​ဧ​လိ​ယ၊

27. ဇတ္တု​သား​ချင်း​စု​မှ​ဧ​လိ​သြ​နဲ၊ ဧ​လျာ​ရှိပ်၊ မတ္တ​နိ၊ ယေ​ရ​မုတ်၊ ဇာ​ဗဒ်​နှင့်​အာ​ဇိ​ဇ။

28. ဗေ​ဗဲ​သား​ချင်း​စု​မှ​ယော​ဟ​နန်၊ ဟာ​န​နိ၊ ဇဗ္ဗဲ​နှင့် အာ​သ​လဲ။

29. ဗာ​နိ​သား​ချင်း​စု​များ​မှ​မေ​ရှု​လ၊ မလ္လုတ်၊ အ​ဒါ​သ၊ ယာ​ရှုပ်၊ ရှာ​လ​နှင့်​ရာ​မုတ်။

30. ပါ​ဟတ်​မော​ဘ​သား​ချင်း​စု​မှ အ​ဒ​န၊ ခေ​လာ​လ၊ ဗေ​နာ​ယ၊ မာ​သေ​ယ ၊မတ္တ​နိ၊ ဗေ​ဇ​လေ​လ၊ ဗိ​နွိ​နှင့် မ​နာ​ရှေ။

31. ဟာ​ရိမ်​သား​ချင်း​စု​မှ ဧ​လျေဇာ၊ ဣရှိ​ယ၊ မာ​လ​ခိ၊ ရှေ​မာ​ယ၊ ရှိ​မောင်၊-

32. ဗင်္ယာ​မိန်၊ မလ္လုတ်​နှင့်​ရှေ​မ​ရိ။

33. ဟာ​ရှုံ​သား​ချင်း​စု​မှ​မတ္တ​နဲ၊ မတ္တ​သ၊ ဇာ​ဗဒ်၊ ဧ​လိ​ဖ​လက်၊ ယေ​ရ​မဲ၊ မ​နာ​ရှေ​နှင့်​ရှိ​မိ။

43. နေ​ဗော​သား​ချင်း​စု​မှ ယေ​လ၊ မတ္တိ​သိ၊ ဇာ​ဗဒ်၊ ဇေ​ဗိ​န၊ ယာ​ဒေါ၊ ယော​လ​နှင့်​ဗေ​နာ​ယ။

44. ဤ​သူ​အ​ပေါင်း​တို့​သည် လူ​မျိုး​ခြား​အ​မျိုး သ​မီး​များ​နှင့်​အိမ်​ထောင်​ကျ​သူ​များ​ဖြစ် ကြ​၏။ သူ​တို့​သည်​မိ​မိ​တို့​ဇ​နီး​များ​ကို လည်း​ကောင်း၊ သူ​တို့​နှင့်​ရ​သော​သား​သ​မီး များ​ကို​လည်း​ကောင်း​စွန့်​လိုက်​ကြ​၏။ ဧ​ဇ​ရ​မှတ်​စာ​ပြီး​၏။

ဧ​ဇ​ရ 10