အာ​မုတ် 9:8-13 Common Language Bible (BCL)

8. ငါ​အ​ရှင်​ထာ​ဝ​ရ​ဘု​ရား​သည်​အ​ပြစ်​များ လှ​သော ဤ​ဣ​သ​ရေ​လ​နိုင်​ငံ​ကို​သ​တိ​ဖြင့် စောင့်​ကြည့်​နေ​ပြီ။ ဤ​နိုင်​ငံ​ကို​မြေ​ပေါ်​မှ ကွယ်​ပျောက်​သွား​အောင်​ပယ်​ဖျက်​တော့​မည်။ သို့​သော်​လည်း​ငါ​သည်​ယာ​ကုပ်​အ​မျိုး​အ​နွယ် အား​လုံး​ကို​ဖျက်​ဆီး​မည်​မ​ဟုတ်​ဟု​ထာ​ဝ​ရ ဘု​ရား​မိန့်​တော်​မူ​၏။

9. ``ဆန်​ကို​ဆန်​ကာ​တင်​ပြီး​ခါ​ချ​သ​ကဲ့​သို့​ငါ​၏ အ​မိန့်​ဖြင့် ဣ​သ​ရေ​လ​ပြည်​သား​တို့​ကို​ဆန်​ခါ တင်​ကာ​ခါ​ချ​လိုက်​မည်။ ခပ်​သိမ်း​သော​လူ​မျိုး များ​အ​ထဲ​၌​လှုပ်​ခါ​ပြီး​နောက်​မ​ထိုက်​တန်​သူ မှန်​သ​မျှ​ကို​ငါ​ရှင်း​လိုက်​မည်။-

10. ငါ​၏​လူ​မျိုး​ထဲ​မှ`ဘု​ရား​သ​ခင်​သည်​ငါ​တို့​ကို ဒုက္ခ​ပေး​လိမ့်​မည်​မ​ဟုတ်' ဟု​ဆို​သော​အ​ပြစ်​ရှိ သူ​မှန်​သ​မျှ​သည်​စစ်​ပွဲ​၌​သေ​ဆုံး​ရ​မည်။''

11. ထာ​ဝ​ရ​ဘု​ရား​က``ပြို​ပျက်​နေ​သော​အိုး​အိမ် ပ​မာ​ဖြစ်​နေ​သည့်​ဒါ​ဝိဒ်​နိုင်​ငံ​ကို ငါ​သည်​ပြန် လည်​၍​တည်​ဆောက်​သော​အ​ချိန်​ရောက်​လိမ့်​မည်။ ကွဲ​အက်​နေ​သော​နံ​ရံ​တံ​တိုင်း​တို့​ကို​ငါ​ပြန် ပြု​ပြင်​မည်။ ရှေး​အ​ခါ​က​တည်​နေ​သ​ကဲ့ သို့​ငါ​ပြန်​လည်​ထူ​ထောင်​မည်။-

12. သို့​ဖြင့်​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် ကျန်​ကြွင်း​သ​မျှ​သော​ဧ​ဒုံ​ပြည်​ကို​လည်း ကောင်း၊ တစ်​ချိန်​က​ငါ​ပိုင်​စိုး​ခဲ့​သော​နိုင်​ငံ တိုင်း​ကို​လည်း​ကောင်း​ပြန်​လည်​သိမ်း​ပိုက်​ခွင့် ရ​လိမ့်​မည်'' ဟု​ဤ​အ​မှု​ကို​ဖြစ်​စေ​မည့် ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​ပြီ။

13. ထာ​ဝ​ရ​ဘု​ရား​က``စ​ပါး​ရိတ်​၍​မ​မီ​နိုင်​လောက်​အောင်​ပင် ပျိုး​က​သန်​လှ​သည့်​အ​ချိန်​ကာ​လ​နှင့်စ​ပျစ်​ရည်​လုပ်​နိုင်​သည်​ထက်​စ​ပျစ်​သီး​များ လှိုင်​နေ​သော​နေ့​ရက်​များ​ရောက်​လာ​မည်။တောင်​တန်း​ကြီး​ငယ်​တို့​မှ​စ​ပျစ်​ရည်​ချို စီး​ယို​နေ​သော အ​ချိန်​ကာ​လ​ရောက်​လာ​မည်။

အာ​မုတ် 9