3. ဆိုးယုတ်သောနေ့ကာလကျရောက်တော့မည် ကိုသင်တို့ဝန်မခံလိုကြ။ သင်တို့ပြုပုံသည် အကြမ်းဖက်မှုကိုသာအားပေးရာရောက် နေ၏။-
4. ဆင်စွယ်ကုတင်များ၌လဲလျောင်းနေကြ သူတို့၊ သိုးငယ်နွားငယ်တို့၏အသားနုကို စားပြီးဖဲမွေ့ရာပေါ်၌လျောင်းကာအကြော ဆန့်နေကြသူတို့၊ သင်တို့သည်အရှက်တကွဲ အကျိုးနည်းဖြစ်ရတော့မည်။-
5. သင်တို့သည်ဒါဝိဒ်ကဲ့သို့သီချင်းများစပ် ဆိုပြီးစောင်းကောက်တီးကာသီဆိုလို ကြ၏။-
6. စပျစ်ရည်ကိုဖလားလိုက်သောက်၍အကောင်း ဆုံးဆီမွှေးကိုလိမ်းကာဖြင့်နေကြ၏။ ဣသ ရေလနိုင်ငံယိုယွင်းနေခြင်းကိုမူမကြေ ကွဲဘဲနေရက်ကြပြီတကား။-
7. သို့ဖြစ်သောကြောင့်ပြည်နှင်ခံရသူများအနက် သင်တို့သည်အဦးဆုံးဖြစ်လိမ့်မည်။ ဤသို့ဖြင့် သင်တို့ဘာသာရေးပွဲများနှင့် စားတော်ပွဲများ သည်နိဂုံးချုပ်ရလိမ့်မည်။
8. ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားသခင်က``ဣသရေလ၏မာနကိုငါရွံရှာ ၏။ သူတို့စည်းစိမ်ခံရာအိမ်ကြီးများကို လည်းငါစက်ဆုတ်၏။ သူတို့မြို့တော်နှင့်မြို့ တွင်းရှိအရာအားလုံးကို ရန်သူ့လက်သို့ ငါပေးအပ်လိုက်မည်'' ဟုအရှင်ထာဝရ ဘုရားအလေးအနက်ကျိန်ဆိုသတိ ပေးတော်မူပြီ။
9. အိမ်ထောင်တစ်အိမ်ထောင်တွင်လူဆယ်ယောက် ကျန်ရစ်နေလျှင်လည်း ယင်းတို့အားလုံး သေရလိမ့်မည်။-
10. သေလွန်သူတစ်ဦး၏ဆွေမျိုးတစ်ယောက်က သေလွန်သွားသူ၏အလောင်းကိုမီးသတ်ရန် ရောက်လာ၍ အိမ်အတွင်းထဲ၌ရှိနေသူတစ် ယောက်အား``မည်သူများကျန်ပါသေး သနည်း'' ဟုမေးလိုက်သော်၊``မည်သူမျှမကျန်တော့ပါ'' ဟူသော အဖြေကိုသာကြားရလိမ့်မည်။ယင်းနောက်ထိုသူကပင်``တိတ်လော့၊ ထာဝရ ဘုရား၏နာမတော်ကိုမျှမဆိုမိရန် ငါ တို့သတိထားရမည်'' ဟုဆိုလိမ့်မည်။