ဟေ​ရှာ​ယ 64:7-10 Common Language Bible (BCL)

7. ကိုယ်​တော်​ရှင်​၏​နာ​မ​တော်​နှင့်​ထံ​တော်​သို့ တစ်​ဦး​တစ်​ယောက်​မျှ​ဆု​တောင်း​ပတ္ထ​နာ​မ ပြု​ပါ။ ``ကူ​မ​တော်​မူ​ပါ'' ဟု​လည်း​တစ်​ဦး တစ်​ယောက်​မျှ​လာ​ရောက်​ပန်​ကြား​မှု​မ​ပြု ပါ။ ကျွန်​တော်​မျိုး​တို့​အ​ပြစ်​များ​ကြောင့် ကိုယ်​တော်​ရှင်​သည်​မျက်​နှာ​တော်​ကို​လွှဲ တော်​မူ​၍​ကျွန်​တော်​မျိုး​တို့​အား​စွန့်​ပစ် တော်​မူ​ပါ​ပြီ။

8. သို့​ရာ​တွင် အို ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​ရှင် သည်​ကျွန်​တော်​မျိုး​တို့​၏​ဖ​ခင်​ဖြစ်​တော်​မူ ပါ​၏။ ကျွန်​တော်​မျိုး​တို့​သည်​ရွှံ့​စေး​နှင့်​တူ​၍ ကိုယ်​တော်​ရှင်​မူ​ကား​အိုး​ထိန်း​သည်​နှင့်​တူ ပါ​၏။ ကိုယ်​တော်​ရှင်​သည်​ကျွန်​တော်​မျိုး​တို့ အား​ဖန်​ဆင်း​တော်​မူ​ခဲ့​သည့်​အ​ရှင်​ဖြစ် သ​ဖြင့်၊-

9. ကျွန်​တော်​မျိုး​တို့​အ​ပေါ်​၌ အ​လွန်​အ​မင်း အ​မျက်​ရှ​တော်​မ​မူ​ပါ​နှင့်။ သို့​မ​ဟုတ်​လျှင် လည်း​ကျွန်​တော်​မျိုး​တို့​၏​အ​ပြစ်​များ​ကို အ​စဉ်​မ​ပြတ်​အောက်​မေ့​သ​တိ​ရ​တော်​မ​မူ ပါ​နှင့်၊ ကျွန်​တော်​မျိုး​တို့​သည်​ကိုယ်​တော်​ရှင် ၏​လူ​မျိုး​တော်​ဖြစ်​၍ ကျွန်​တော်​မျိုး​တို့ အား​သ​နား​တော်​မူ​ပါ။-

10. ကိုယ်​တော်​ရှင်​၏​သန့်​ရှင်း​မြင့်​မြတ်​သည့်​မြို့ များ​သည် သဲ​ကန္တာ​ရ​သ​ဖွယ်​ဖြစ်​၍ ယေ​ရု ရှ​လင်​မြို့​သည်​လည်း​ပျက်​စီး​ယို​ယွင်း လျက် လူ​သူ​ကင်း​မဲ့​ရာ​ဖြစ်​၍​နေ​ပါ​၏။-

ဟေ​ရှာ​ယ 64