ဟေ​ရှာ​ယ 48:7-12 Common Language Bible (BCL)

7. ယ​ခု​မှ​သာ​လျှင်​ငါ​သည်​ထို​အ​မှု​တို့​ကို ဖြစ်​ပျက်​စေ​မည်။ယင်း​သို့​သော​အ​မှု​များ​သည်​ယ​ခင်​က မ​ဖြစ်​မ​ပျက်​ခဲ့​ဘူး​ကြ။အ​ကယ်​၍​ဖြစ်​ပျက်​ခဲ့​သည်​ဆို​ပါ​မူ၊ထို​အ​ရာ​တို့​၏​အ​ကြောင်း​ကို​ငါ​တို့​သိ​ရှိ​ပြီး ဟု သင်​တို့​ဆို​ကြ​လိမ့်​မည်။

8. သင်​တို့​အား​ယုံ​ကြည်​စိတ်​ချ​၍ မ​ရ​ကြောင်း​ကို​လည်း​ကောင်း၊သင်​တို့​သည်​မွေး​ဖွား​လာ​ချိန်​မှ​ပင်​အ​စ​ပြု​၍သူ​ပုန်​များ​ဟု​အ​ခေါ်​ခံ​ရ​ကြ​သည်​ကို​လည်း ကောင်း ငါ​သိ​၏။ထို့​ကြောင့်​ဤ​အ​မှု​အ​ရာ​များ​အ​ကြောင်း​ကိုသင်​တို့​သည်​အ​ဘယ်​အ​ခါ​က​မျှ​မ​ကြား​ခဲ့ နား​မ​လည်​ခဲ့။ယ​ခင်​က​တည်း​က​သင်​တို့​သည်​လည်း​နား​မ​ပွင့်။

9. ``ငါ​၏​နာ​မ​တော်​ကို​လူ​တို့​ထော​မ​နာ​ပြု​ကြ​စေ​ရန်၊ ငါ​သည်​မိ​မိ​၏​အ​မျက်​ကို​ထိန်း​ချုပ်​၍​ထား​မည်။မိ​မိ​ဒေါ​သ​ကို​ချုပ်​တည်း​၍​သင်​တို့​အား ဖျက်​ဆီး​သုတ်​သင်​မှု​ကို​မ​ပြု​ဘဲ​နေ​မည်။

10. ငွေ​ကို​မီး​ဖို​တွင်​ထည့်​၍​ချွတ်​သ​ကဲ့​သို့ငါ​သည်​သင်​တို့​အား​ဆင်း​ရဲ​ဒုက္ခ​မီး​ဖြင့် စုံ​စမ်း​စစ်​ဆေး​ပြီး​ဖြစ်​၏။

11. ငါ​သည်​အ​ဘယ်​အ​မှု​ကို​မ​ဆို​မိ​မိ​၏ ဂုဏ်​သိက္ခာ​ကို​ထောက်​၍​ပြု​တတ်​၏။ငါ​၏​နာ​မ​တော်​အ​သ​ရေ​ပျက်​စေ​ရန်​ပြု လိမ့်​မည်​မ​ဟုတ်။ငါ​တစ်​ပါး​တည်း​သာ​လျှင်​ခံ​ယူ​ထိုက်​သည့် ဘုန်း​အ​သ​ရေ​ကို​လည်း၊အ​ခြား​အ​ဘယ်​သူ​အား​မျှ​ခံ​ယူ​စေ​လိမ့် မည်​မ​ဟုတ်။

12. ထာ​ဝ​ရ​ဘု​ရား​က``အို ငါ​ခေါ်​ယူ​တော်​မူ​သည့်​လူ​မျိုး​တော်၊ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့၊ငါ​ပြော​သည်​ကို​နား​ထောင်​ကြ​လော့။ ငါ​သည်​ဘု​ရား​သ​ခင်​ဖြစ်​၏။ကပ်​ကာ​လ​အ​စ​မှ​အ​ဆုံး​တိုင်​တည်​နေ​တော်​မူ​သော အ​ရှင်၊ဖြစ်​တော်​မူ​၏။

ဟေ​ရှာ​ယ 48