8. မြက်ပင်သည်အမှန်ပင်ခြောက်သွေ့လျက် ပန်းများသည်လည်းအမှန်ပင်ညှိုးနွမ်းတတ်၏။သို့ရာတွင်ဘုရားသခင်၏နှုတ်ကပတ်တော်သည်အဘယ်အခါ၌မျှမပျောက်မပျက်တတ်'' ဟု ဆို၏။
9. အို ယေရုရှလင်မြို့၊မြင့်သောတောင်ပေါ်သို့တက်၍၊ သတင်းကောင်းကိုကြေညာလော့။အို ဇိအုန်တောင်၊အသံကျယ်စွာဟစ်၍သတင်းကောင်းကို ကြေညာလော့။မကြောက်နှင့်၊ ပွင့်လင်းစွာပြောကြားလော့။ယုဒမြို့များအားသူတို့၏ဘုရားသခင်ကြွလာစေတော်မူမည့်အကြောင်းကိုပြောကြားလော့။
10. ထာဝရအရှင်ဘုရားသခင်သည်မိမိကယ်တင်ထားတော်မူသည့် လူတို့ကိုခေါ်၍တန်ခိုးတော်နှင့်အုပ်စိုးရန်ကြွလာ တော်မူလိမ့်မည်။
11. ကိုယ်တော်သည်သိုးထိန်းကဲ့သို့မိမိ၏လူမျိုး တော်ကို ကျွေးမွေးပြုစုတော်မူလိမ့်မည်။သိုးထိန်းသည်သိုးငယ်များကိုစုသိမ်း၍ လက်ဖြင့်ချီပွေ့ကာသူတို့၏မိခင်များကိုဖြည်းညှင်းစွာလမ်းပြ ပို့ဆောင်တော်မူလိမ့်မည်။
12. သမုဒ္ဒရာရေကိုလက်ခုပ်ဖြင့်ချင်တွယ်နိုင်သူ၊သို့တည်းမဟုတ်၊မိုးကောင်းကင်ကိုလက်နှင့်ထွာ၍ တိုင်းတာနိုင်သူရှိပါသလော။မြေဆီလွှာရှိသမျှကိုခွက်ဖလားတွင်ထည့် ထားနိုင်သူ၊သို့တည်းမဟုတ်တောင်ကြီးတောင်ငယ်တို့ကို ချိန်ခွင်နှင့်ချိန်စက်နိုင်သူရှိပါသလော။
13. ထာဝရဘုရားအားအဘယ်သို့ပြုရမည် ဟု ပြောဆိုနိုင်သူရှိပါသလော။အဘယ်သူသည်ကိုယ်တော်အားသွန်သင် နိုင်ပါသနည်း။သို့တည်းမဟုတ်အကြံဉာဏ်ပေးနိုင် ပါသနည်း။