27. အို ဣသရေလအမျိုးသားတို့၊ ထိုသို့ဖြစ်ပါမူထာဝရဘုရားသည်သင်တို့၏ဆင်းရဲဒုက္ခ များကို သိတော်မမူဟူ၍သော်လည်းကောင်းသင်တို့၏အမှုကိစ္စများအဆင်ပြေရေးအတွက် စိတ်ဝင်စားတော်မမူဟူ၍သော်လည်းကောင်းအဘယ်ကြောင့်သင်တို့သည် ညည်းညူကြပါသနည်း။
28. ထာဝရဘုရားသည်ကာလအစဉ်အဆက်တည်တော်မူသောဘုရားသခင်ဖြစ်တော်မူသည်ကိုသင်တို့မသိကြပါသလော။ မကြားဘူးကြပါသလော။ကိုယ်တော်သည်ကမ္ဘာလောကကို ဖန်ဆင်းတော်မူပါ၏။ကိုယ်တော်သည်အဘယ်အခါ၌မျှမောပန်း နွမ်းလျတော်မမူပါ။အဘယ်သူမျှကိုယ်တော်၏အကြံအစည်တော် တို့ကို နားမလည်နိုင်ပါ။
29. ကိုယ်တော်သည်နွမ်းလျမောပန်းသူတို့ကို အားပေးတော်မူပါ၏။
30. အသက်အရွယ်ငယ်သူများပင်လျှင် နွမ်းလျမောပန်းတတ်ကြ၏။လူငယ်လူရွယ်များသည်အားအင်ကုန်ခန်း၍ လဲကျကြလေသည်။