ဟေ​ရှာ​ယ 35:1-2-4 Common Language Bible (BCL)

1-2. ကန္တာ​ရ​သည်​ရွှင်​မြူး​လိမ့်​မည်။မြေ​ရိုင်း​များ​တွင်​လည်း​ပန်း​များ​ပွင့်​လိမ့်​မည်။ကန္တာ​ရ​သည်​ဝမ်း​မြောက် ရွှင်​လန်း​သ​ဖြင့်သီ​ချင်း​ဆို​ကြွေး​ကြော်​လိမ့်​မည်။လေ​ဗ​နုန်​တောင်​ကဲ့​သို့​လှ​ပ​တင့်​တယ်​လျက်ကာ​ရ​မေ​လ​နှင့်​ရှာ​ရုန်​တောင်​ကုန်းလယ်​ယာ​များ​ကဲ့​သို့​အ​သီး​အ​နှံ​များ ဝေ​ဆာ​လျက် ရှိ​လိမ့်​မည်။လူ​အ​ပေါင်း​တို့​သည်​ဘု​ရား​သ​ခင်​၏ ဘုန်း​အ​သ​ရေ​တော်​ကို​လည်း​ကောင်း၊ကိုယ်​တော်​၏​တန်​ခိုး​အာ​နု​ဘော်​တော်​ကို လည်း​ကောင်း ဖူး​မြင်​ရ​ကြ​လိမ့်​မည်။

3. နွမ်း​နယ်​လျက်​ရှိ​သည့်​လက်​တို့​ကို​လည်း​ကောင်း၊အား​နည်း​တုန်​လှုပ်​လျက်​နေ​သည့် ဒူး​တို့​ကို​လည်း​ကောင်း​အား​ဖြည့်​၍​ပေး​ကြ​လော့။

4. စိတ်​ပျက်​အား​လျော့​၍​နေ​သူ​အ​ပေါင်း​တို့​အား ``ကြံ့​ခိုင်​မှု​ရှိ​ကြ​လော့။မ​ကြောက်​ကြ​နှင့်​ဘု​ရား​သ​ခင်​သည်သင်​တို့​ကို​ကယ်​ဆယ်​ရန် ကြွ​လာ​တော်​မူ​လိမ့်​မည်။သင်​တို့​၏​ရန်​သူ​များ​အား​လည်း လက်​စား​ချေ​တော်​မူ​လိမ့်​မည်'' ဟု ပြော​ကြား​ကြ​လော့။

ဟေ​ရှာ​ယ 35