ဟေ​ရှာ​ယ 28:10-13 Common Language Bible (BCL)

10. သူ​သည်​ငါ​တို့​အား​ကြိုး​စား​၍​လုံး​စေ့ ပတ်​စေ့၊ တစ်​ကြောင်း​ပြီး​တစ်​ကြောင်း​တစ်​ပိုဒ် ပြီး​တစ်​ပိုဒ်​သင်​ကြား​လျက်​နေ​၏'' ဟု​ငါ ၏​အ​ကြောင်း​ညဉ်း​ညူ​ပြော​ဆို​ကြ​လေ သည်။

11. အ​ကယ်​၍​သင်​တို့​သည်​ငါ​၏​စ​ကား​ကို​နား မ​ထောင်​ကြ​ပါ​မူ​ထာ​ဝ​ရ​ဘု​ရား​သည် သင် တို့​အား​ကျောင်း​မှန်း​ကန်​မှန်း​သိ​အောင်​ထူး ဆန်း​သော​ဘာ​သာ​စ​ကား​ပြော​ဆို​သူ လူ မျိုး​ခြား​တို့​ကို​အ​သုံး​ပြု​တော်​မူ​လိမ့်​မည်။-

12. ကိုယ်​တော်​သည်​သင်​တို့​အား​ငြိမ်း​အေး​ချမ်း​မြေ့ စွာ​နေ​ထိုင်​ခွင့်​ကို​ပေး​တော်​မူ​သော်​လည်း သင် တို့​သည်​ကိုယ်​တော်​၏​စ​ကား​ကို​နား​မ​ထောင် ကြ။-

13. သို့​ဖြစ်​၍​ထာ​ဝ​ရ​ဘု​ရား​သည်​သင်​တို့​အား ကျောင်း​မှန်း​ကန်​မှန်း​သိ​အောင်​လုံး​စေ့​ပတ်​စေ့ တစ်​ကြောင်း​ပြီး​တစ်​ကြောင်း​တစ်​ပိုဒ်​ပြီး​တစ် ပိုဒ် သွန်​သင်​တော်​မူ​လိမ့်​မည်။ ထို​အ​ခါ​သင်​တို့ သည်​ခြေ​လှမ်း​လိုက်​တိုင်း​လဲ​ကျ​ကြ​လိမ့်​မည်။ သင်​တို့​သည်​ထိ​ခိုက်​ဒဏ်​ရာ​ရ​လျက်​ကျော့ ကွင်း​တွင်​မိ​ကာ​အ​ဖမ်း​ခံ​ရ​ကြ​လိမ့်​မည်။

ဟေ​ရှာ​ယ 28