26. ဤကားကမ္ဘာလောကအတွက်ငါ၏အကြံ အစည်တော်ပင်ဖြစ်၍၊ ငါသည်လူမျိုးတကာ တို့အားအပြစ်ဒဏ်ခတ်ရန်လက်တော်ကိုချိန် ရွယ်လျက်ထားသတည်း'' ဟုမိန့်ကြားတော် မူ၏။-
27. အနန္တတန်ခိုးရှင်ထာဝရဘုရားသည် ဤ အတိုင်းပြုတော်မူရန်သန္နိဋ္ဌာန်ချမှတ်တော် မူလေပြီ။ ကိုယ်တော်သည်လည်း အပြစ်ဒဏ် ခတ်ရန်လက်တော်ကိုချိန်ရွယ်လျက်ထား တော်မူ၏။ ကိုယ်တော်အားအဘယ်သူမျှ ဆီးတားနိုင်လိမ့်မည်မဟုတ်။
28. ဤဗျာဒိတ်တော်သည်အာခတ်မင်းနတ်ရွာ စံသည့်နှစ်၌ပြန်ကြားသောဗျာဒိတ်တော် ဖြစ်၏။
29. အို ဖိလိတ္တိအမျိုးသားတို့၊ သင်တို့အားရိုက် နှက်သည့်တုတ်သည်ကျိုး၍သွားပြီဖြစ်သော် လည်းသင်တို့ဝမ်းမြောက်ကြရန်အကြောင်း မရှိ။ မြွေတစ်ကောင်သေသောအခါထိုမြွေ ထက်ဆိုးသည့်အခြားမြွေတစ်ကောင်ပေါက် ၍လာလိမ့်မည်။ မြွေဥမှအဆိပ်ပြင်းသော နဂါးပျံပေါက်ဖွားလာတတ်ပါသည် တကား။-
30. ထာဝရဘုရားသည်မိမိ၏လူမျိုးတော် ထဲမှ ဆင်းရဲနွမ်းပါးသူတို့ကို သိုးထိန်းသဖွယ် စောင့်ရှောက်တော်မူ၍ဘေးမဲ့လုံခြုံစွာနေစေ တော်မူလိမ့်မည်။ သို့ရာတွင်သင်တို့မူကား ကြောက်မက်ဖွယ်ရာငတ်မွတ်ခေါင်းပါးခြင်း ဘေးဆိုက်ရောက်စေတော်မူမည်ဖြစ်၍ သင်တို့ တစ်စုံတစ်ယောက်မျှအသက်မသေဘဲကျန် ရှိရလိမ့်မည်မဟုတ်။