ဟေ​ရှာ​ယ 14:24-27 Common Language Bible (BCL)

24. အ​နန္တ​တန်​ခိုး​ရှင်​ထာ​ဝ​ရ​ဘု​ရား​က​ကျိန် ဆို​လျက်``ငါ​အ​ကြံ​အ​စည်​ပြု​ထား​သည့် အ​မှု​အ​ရာ​တို့​သည်​ဖြစ်​ပျက်​ကြ​လိမ့်​မည်။ သန္နိ​ဋ္ဌာန်​ချ​မှတ်​ထား​သည့်​အ​တိုင်း​ဖြစ်​ပျက် ရကြ​လိမ့်​မည်။-

25. ငါ​သည်​မိ​မိ​၏​ဣ​သ​ရေ​လ​ပြည်​တော်​တွင် အာ​ရှု​ရိ​အ​မျိုး​သား​တို့​အား​သုတ်​သင်​ဖျက် ဆီး​၍၊ ငါ​၏​တောင်​ရိုး​များ​အ​ပေါ်​တွင်​သူ တို့​ကို​ခြေ​နှင့်​ကျော်​နင်း​ပစ်​မည်။ ငါ​၏​လူ​မျိုး တော်​အား သူ​တို့​ထမ်း​ရ​ကြ​သည့်​ထမ်း​ပိုး နှင့်​ဒုက္ခ​ဝန်​ထုပ်​များ​မှ​လွတ်​မြောက်​စေ​မည်။-

26. ဤ​ကား​ကမ္ဘာ​လော​က​အ​တွက်​ငါ​၏​အ​ကြံ အ​စည်​တော်​ပင်​ဖြစ်​၍၊ ငါ​သည်​လူ​မျိုး​တ​ကာ တို့​အား​အ​ပြစ်​ဒဏ်​ခတ်​ရန်​လက်​တော်​ကို​ချိန် ရွယ်​လျက်​ထား​သ​တည်း'' ဟု​မိန့်​ကြား​တော် မူ​၏။-

27. အ​နန္တ​တန်​ခိုး​ရှင်​ထာ​ဝ​ရ​ဘု​ရား​သည် ဤ အ​တိုင်း​ပြု​တော်​မူ​ရန်​သန္နိ​ဋ္ဌာန်​ချ​မှတ်​တော် မူ​လေ​ပြီ။ ကိုယ်​တော်​သည်​လည်း အ​ပြစ်​ဒဏ် ခတ်​ရန်​လက်​တော်​ကို​ချိန်​ရွယ်​လျက်​ထား တော်​မူ​၏။ ကိုယ်​တော်​အား​အ​ဘယ်​သူ​မျှ ဆီး​တား​နိုင်​လိမ့်​မည်​မ​ဟုတ်။

ဟေ​ရှာ​ယ 14