ဟေ​ဗြဲ 9:22-25 Common Language Bible (BCL)

22. ပ​ညတ်​တ​ရား​အ​ရ​အ​ရာ​ခပ်​သိမ်း​လို​လို​ပင် သွေး​အား​ဖြင့်​သန့်​စင်​မှု​ကို​ရ​ရှိ​ကြ​၏။ သွေး သွန်း​မှု​ရှိ​မှ​သာ​အ​ပြစ်​ပြေ​နိုင်​၏။

23. အ​ဆို​ပါ​နည်း​အား​ဖြင့်​ကောင်း​ကင်​ဘုံ​တွင် ရှိ​သည့်​အ​ရာ​တို့​၏​ပုံ​တူ​များ​ကို​သန့်​စင် စေ​ရ​၏။ ကောင်း​ကင်​ဘုံ​တွင်​ရှိ​သည့်​အ​ရာ တို့​ကို​သန့်​စင်​စေ​ရန်​မှာ​မူ​သာ​လွန်​မွန်​မြတ် သော​ယဇ်​ကို​ပူ​ဇော်​ရန်​လို​၏။-

24. စစ်​မှန်​သော​သန့်​ရှင်း​ရာ​ဌာ​န​တော်​၏​ပုံ​တူ​ဖြစ် သော​လူ​တို့​လက်​ဖြင့်​တည်​ဆောက်​သည့်​သန့်​ရှင်း ရာ​ဌာ​န​တော်​သို့ ခ​ရစ်​တော်​သည်​ဝင်​တော်​မူ သည်​မ​ဟုတ်​ဘဲ​ကောင်း​ကင်​ဘုံ​သို့​ဝင်​တော်​မူ​၍ ငါ​တို့​ကိုယ်​စား​ဘု​ရား​သ​ခင်​၏​ရှေ့​တော် မှောက်​သို့​ရောက်​ရှိ​တော်​မူ​၏။-

25. ယဇ်​ပု​ရော​ဟိတ်​မင်း​သည်​တိရစ္ဆာန်​များ​၏ သွေး​ကို ယူ​၍​နှစ်​စဉ်​နှစ်​တိုင်း​အ​လွန်​သန့်​ရှင်း​ရာ​ဌာ​န တော်​သို့​ဝင်​လေ့​ရှိ​၏။ ခ​ရစ်​တော်​မူ​ကား​ယင်း​သို့ ကြိမ်​ဖန်​များ​စွာ​မိ​မိ​ကိုယ်​ကို​ပူ​ဇော်​ရန်​ဝင် တော်​မ​မူ။-

ဟေ​ဗြဲ 9