8. သို့ရာတွင်ဘုရားသခင်သည်မိမိ၏လူစု တော်အားအပြစ်တင်တော်မူလျက်၊``ဣသရေလအမျိုးသားနှင့်လည်းကောင်း၊ ယုဒအမျိုးသားများနှင့်လည်းကောင်းပဋိညာဉ်သစ်ကိုငါပြုရန်အချိန်ကျရောက် လိမ့်မည်။
9. ဤပဋိညာဉ်သည်သူတို့၏ဘိုးဘေးများအား လက်ဆွဲ၍အီဂျစ်ပြည်မှ၊ငါထုတ်ဆောင်လာစဉ်အခါကသူတို့နှင့်ပြုခဲ့သည့်ပဋိညာဉ်နှင့်တူလိမ့်မည် မဟုတ်။ထိုအခါကငါနှင့်ပြုခဲ့သည့်ပဋိညာဉ်ကိုသူတို့ချိုးဖောက်ကြသဖြင့်၊ငါသည်သူတို့အား ဂရုမစိုက်ဘဲနေခဲ့၏။
10. နောင်အခါ၌ဣသရေလအမျိုးသားတို့နှင့် ငါပြုမည့်ပဋိညာဉ်ဟူမူကား၊ငါထာဝရဘုရားသည်ငါ့ပညတ်များကို သူတို့၏စိတ်နှလုံးထဲသို့ထည့်သွင်းမည်။သူတို့၏နှလုံးသားပေါ်မှာရေးသားမည်။ ငါသည်သူတို့ဘုရားဖြစ်မည်။သူတို့သည်လည်းငါ၏လူစုဖြစ်ကြလိမ့်မည်။