ဟေ​ဗြဲ 8:1-4 Common Language Bible (BCL)

1. ယ​ခု​ဆို​ခဲ့​ပြီး​သော​အ​ကြောင်း​အ​ရာ​များ တွင် အ​ရေး​ကြီး​သည့်​အ​ချက်​မှာ ငါ​တို့​တွင်​ထို​သို့ သော​ယဇ်​ပု​ရော​ဟိတ်​မင်း​ရှိ​ခြင်း​ပင်​ဖြစ်​ပေ​သည်။ ကိုယ်​တော်​သည်​ကောင်း​ကင်​ဘုံ​ရှိ​ဘုန်း​တန်​ခိုး​ရှင် ၏​ပလ္လင်​တော်​လက်ယာ​ဘက်​၌​ထိုင်​နေ​တော်​မူ​၏။-

2. ကိုယ်​တော်​သည်​အ​လွန်​သန့်​ရှင်း​ရာ​ဌာ​န​တော် တည်း​ဟူ​သော​တဲ​တော်​စစ်​၌ အ​မှု​တော်​ဆောင် လျက်​နေ​တော်​မူ​၏။ ထို​တဲ​တော်​စစ်​ကား​လူ​တို့ တည်​ဆောက်​သော​တဲ​တော်​မ​ဟုတ်၊ ဘု​ရား​ရှင် တည်​ဆောက်​တော်​မူ​သော​တဲ​တော်​ဖြစ်​သ​တည်း။

3. ယဇ်​ပု​ရော​ဟိတ်​မင်း​မည်​သည်​ပူ​ဇော်​သ​ကာ ဆက်​သ​ရန်​နှင့်​ယဇ်​ပူ​ဇော်​ရန်​ခန့်​ထား​ခြင်း​ခံ ရ​သူ​ဖြစ်​၏။ သို့​ဖြစ်​၍​ငါ​တို့​၏​ယဇ်​ပု​ရော ဟိတ်​မင်း​မှာ​လည်း​ဆက်​သ​ပူ​ဇော်​ရန် ပူ​ဇော် သ​ကာ​တစ်​စုံ​တစ်​ရာ​ရှိ​ရ​ပေ​မည်။-

4. ကိုယ်​တော်​သည်​လော​က​တွင်​ရှိ​နေ​တော်​မူ​မည် ဆို​ပါ​လျှင် ယဇ်​ပု​ရော​ဟိတ်​လုံး​ဝ​ဖြစ်​နိုင်​လိမ့် မည်​မ​ဟုတ်။ အ​ဘယ်​ကြောင့်​ဆို​သော်​ပညတ်​တ​ရား အ​ရ​ပူ​ဇော်​သ​ကာ​များ​ကို​ဆက်​သ​သူ​ယဇ် ပု​ရော​ဟိတ်​များ​ရှိ​သော​ကြောင့်​ပင်​ဖြစ်​၏။-

ဟေ​ဗြဲ 8