ဟေ​ဗြဲ 6:1-3 Common Language Bible (BCL)

1. သို့​ဖြစ်​၍​ငါ​တို့​သည်​ခ​ရစ်​တော်​နှင့်​ဆိုင်​သော အ​ခြေ​ခံ​သွန်​သင်​ချက်​ကို​ချန်​ထား​၍ ရင့်​ကျက် သည့်​ခံ​ယူ​ယုံ​ကြည်​ချက်​သို့​တက်​လှမ်း​ကြ​ကုန် အံ့။ ထို​မူ​လ​အ​ခြေ​ခံ​တ​ရား​များ​ကို​သင်​တို့ အား ငါ​တို့​သွန်​သင်​ပေး​ပြီး​ဖြစ်​သ​ဖြင့်​ထပ်​မံ သွန်​သင်​ပေး​ရန်​မ​သင့်။ အ​ကျိုး​မ​ပေး​တတ်​သည့် အ​ကျင့်​အ​ကြံ​များ​ကို​စွန့်​လွှတ်​ကာ ဘု​ရား သ​ခင်​အား​ယုံ​ကြည်​ရန်​လို​အပ်​ကြောင်း​သင် တို့​သိ​ရှိ​ကြ​ပြီး​ဖြစ်​ပေ​သည်။-

2. ငါ​တို့​သည်​ဗတ္တိ​ဇံ​မင်္ဂ​လာ၊ သိက္ခာ​တင်​မင်္ဂ​လာ၊ သေ​ခြင်း​မှ​ရှင်​ပြန်​ထ​မြောက်​ခြင်း​နှင့် ထာ​ဝ​ရ တ​ရား​စီ​ရင်​တော်​မူ​ခြင်း​အ​ကြောင်း​တို့​ကို သင်​တို့​အား​သင်​ကြား​ပြီး​ဖြစ်​သည်။-

3. ဘု​ရား​သခင်​ခွင့်​ပြု​တော်​မူ​လျှင် ယ​ခု​ငါ တို့​သည်​ရှေ့​သို့​တက်​ကြ​ကုန်​စို့။

ဟေ​ဗြဲ 6