ဟေ​ဗြဲ 2:7-10 Common Language Bible (BCL)

7. ကိုယ်​တော်​သည်​သူ့​အား​ကာ​လ​အ​နည်း​ငယ်​မျှ ကောင်း​ကင်​တ​မန်​တို့​ထက်​နိမ့်​ကျ​စေ​တော်​မူ​၍ဘုန်း​အ​သ​ရေ၊ဂုဏ်​ကျက်​သ​ရေ​နှင့် ပြည့်​ဝ​စေ​တော်​မူ​ပါ​၏။

8. ခပ်​သိမ်း​သော​အ​ရာ​တို့​ကို​စိုး​မိုး​ခွင့်​ပေး​တော် မူ​ပါ​၏'' ဟု​ဖော်​ပြ​ထား​၏။ ကျမ်း​စာ​တော်​က`ခပ် သိမ်း​သော​အ​ရာ​တို့​ကို​စိုး​မိုး​ခွင့်​ပေး​တော် မူ​၏' ဟု​ဆို​ရာ​၌​လူ​၏​စိုး​မိုး​ခြင်း​ကို မ​ခံ​ရ သည့်​အ​ရာ​တစ်​စုံ​တစ်​ခု​မျှ​မ​ရှိ​ဟူ​၍​ဆို လို​သ​တည်း။ သို့​ရာ​တွင်​ယ​ခု​အ​ခါ​၌ လူ သည်​ခပ်​သိမ်း​သော​အ​ရာ​တို့​ကို​စိုး​မိုး​ခွင့်​ရ ကြောင်း ငါ​တို့​မ​တွေ့​မ​မြင်​ကြ​ရ​ပေ။-

9. သို့​သော်​ငါ​တို့​တွေ့​မြင်​ကြ​ရ​သူ​ကား ဘု​ရား သ​ခင်​၏​ကျေး​ဇူး​တော်​အား​ဖြင့်​လူ​အ​ပေါင်း တို့​အ​တွက် အ​သက်​တော်​ကို​စွန့်​တော်​မူ​နိုင်​ရန် ကာ​လ​အ​နည်း​ငယ်​မျှ ကောင်း​ကင်​တ​မန်​များ ထက်​နှိမ့်​ချ​မှု​ကို​ခံ​ရ​သည့်​သ​ခင်​ယေ​ရှု​ပင် ဖြစ်​တော်​မူ​၏။ ထို​အ​ရှင်​သည် မိ​မိ​အ​သေ​ခံ တော်​မူ​ခဲ့​သည့်​အ​တွက်​ဘုန်း​အ​သ​ရေ၊ ဂုဏ် အ​သ​ရေ​နှင့်​ပြည့်​ဝ​လျက်​ရှိ​တော်​မူ​သည် ကို ယ​ခု​အ​ခါ​ငါ​တို့​တွေ့​မြင်​ကြ​ရ​၏။-

10. ခပ်​သိမ်း​သော​အ​ရာ​တို့​ကို​ဖန်​ဆင်း​ပြု​ပြင် ထိန်း​သိမ်း​စောင့်​ရှောက်​တော်​မူ​သော​ဘု​ရား သ​ခင်​သည် မိ​မိ​၏​သား​အ​မြောက်​အ​မြား တို့​အား​ဘုန်း​အ​သ​ရေ​တော်​ဝင်​စား​ခွင့်​ပေး တော်​မူ​နိုင်​ရန် ဆင်း​ရဲ​ဒုက္ခ​ကို​ခံ​စေ​ခြင်း​အား ဖြင့် သ​ခင်​ယေ​ရှု​အား​ပြည့်​ဝ​စုံ​လင်​စေ​တော် မူ​၏။ ဤ​သို့​ဘု​ရား​သ​ခင်​ပြု​တော်​မူ​သည်​မှာ လျော်​ကန်​သင့်​မြတ်​လှ​ပေ​သည်။ အ​ဘယ် ကြောင့်​ဆို​သော်​ကယ်​တင်​ခြင်း​ရ​ရှိ​ကြ​စေ ရန် ထို​သူ​တို့​အား​ပို့​ဆောင်​သူ​မှာ​သ​ခင် ယေ​ရှု​ပင်​ဖြစ်​သော​ကြောင့်​တည်း။

ဟေ​ဗြဲ 2