20. ကိုယ်တော်သည်မိမိ၏ကိုယ်ခန္ဓာတော်တည်း ဟူသောဗိမာန်တော်ကန့်လန့်ကာကိုဖြတ်၍ ဘုရားသခင်၏ရှေ့တော်မှောက်သို့ရောက်ရာ အသက်လမ်းသစ်ကိုဖွင့်၍ပေးတော်မူပြီ။-
21. ငါတို့တွင်ဘုရားသခင်၏အိမ်ထောင်ကို အုပ်စိုးသည့်ယဇ်ပုရောဟိတ်ကြီးရှိ၏။-
22. သို့ဖြစ်၍ငါတို့သည်မိမိတို့၏သန့်သော သြတ္တပ္ပစိတ်စင်ကြယ်လျက် ငါတို့၏ကိုယ်ခန္ဓာ များကိုရေစင်ဖြင့်ဆေးကြော၍ရိုးသားသော စိတ်၊ ခိုင်မာသောယုံကြည်ခြင်းတို့ဖြင့်ဘုရား သခင်ထံတော်သို့ချဉ်းကပ်ကြကုန်အံ့။-
23. ငါတို့သည်ဘုရားသခင်၏ကတိတော်ကို စိတ်ချယုံကြည်နိုင်သည်ဖြစ်၍ မိမိတို့ဝန်ခံ သောမျှော်လင့်ခြင်းကိုစွဲမြဲစွာဆုပ်ကိုင်ထား ကြကုန်အံ့။-
24. ငါတို့သည်တစ်ယောက်ကိုတစ်ယောက်အလေး ဂရုပြုလျက် ကူညီယိုင်းပင်းလျက်မေတ္တာထား လျက်ကျေးဇူးပြုလျက်နေကြကုန်အံ့။-
25. အချင်းချင်းတွေ့ဆုံဝတ်ပြုသည့်အလေ့အထ ကို လူအချို့တို့စွန့်လွှတ်သကဲ့သို့ငါတို့သည် မပြုဘဲနေကြစို့။ တရားစီရင်တော်မူရာ နေ့ရက်နီးကပ်လာသည်ကိုထောက်သဖြင့် ငါတို့သည်ပို၍တစ်ယောက်ကိုတစ်ယောက် အားပေးကြကုန်အံ့။
26. ငါတို့သည်သမ္မာတရားကိုသိရှိကြပြီးမှ တမင်သက်သက်ဆက်လက်အပြစ်ကူးနေ ကြမည်ဆိုပါမူ၊ ငါတို့၏အပြစ်များ အတွက်ပူဇော်ရန်ယဇ်ရှိတော့မည်မဟုတ်။-
27. ငါတို့သည်တရားစီရင်တော်မူခြင်းကိုလည်း ကောင်း၊ ဘုရားသခင်ကိုအတိုက်အခံပြုသူ တို့အားကျွမ်းလောင်စေမည့်အမျက်တော်မီး ကိုလည်းကောင်းကြောက်ရွံ့တုန်လှုပ်လျက်စောင့် မျှော်နေကြရန်သာရှိတော့၏။-
28. မောရှေ၏ပညတ်တရားကိုမစောင့်ထိန်းသူ ယုဒအမျိုးသားမှန်သမျှသည် အသိသက် သေနှစ်ဦးသုံးဦး၏ထွက်ဆိုချက်အရ အပြစ်ရှိကြောင်းတွေ့ရှိရပါမူ၊ သနား ညှာတာမှုမရှိဘဲသေဒဏ်ပေးခြင်းကို ခံကြရ၏။-