ဟော​ရှေ 9:9-13 Common Language Bible (BCL)

9. သူ​တို့​သည်​ဂိ​ဗာ​မြို့​မှာ​ကဲ့​သို့​အ​လွန် ဆိုး​ရွား​သော​အ​ပြစ်​ကို​ကူး​လွန်​လျက် ရှိ​ကြ​၏။ ဘု​ရား​သ​ခင်​သည်​သူ​တို့​၏ ဒု​စ​ရိုက်​ကို​အောက်​မေ့​သ​တိ​ရ​တော်​မူ ၍​အ​ပြစ်​ဒဏ်​စီ​ရင်​တော်​မူ​လိမ့်​မည်။

10. ထာ​ဝ​ရ​ဘု​ရား​က``ဣ​သ​ရေ​လ​ကို​ငါ​ဦး စွာ​တွေ့​ရ​စဉ်​က တော​ကန္တာ​ရ​၌​ပေါက်​သော စ​ပျစ်​ပင်​များ​ကို​တွေ့​ရ​သ​ကဲ့​သို့​ဖြစ်​၏။ သင်​တို့​၏​ဘိုး​ဘေး​များ​ကို​ငါ​ဦး​စွာ​တွေ့ ရ​စဉ်​က​ပေါ်​ဦး​ပေါ်​ဖျား​မှည့်​သော​သ​ဖန်း သီး​များ​ကို​တွေ့​ရ​သ​ကဲ့​သို့​ဖြစ်​၏။ သို့ ရာ​တွင်​သူ​တို့​သည်​ပေ​ဂု​ရ​တောင်​သို့​ရောက် ရှိ​သော​အ​ခါ ဗာ​လ​ဘု​ရား​ကို​ကိုး​ကွယ် ကြ​သ​ဖြင့်၊ သူ​တို့​ကြည်​ညို​သော​ဘု​ရား များ​ကဲ့​သို့​စက်​ဆုတ်​ရွံ​ရှာ​ဖွယ်​ဖြစ်​လာ ကြ​၏။-

11. ဣ​သ​ရေ​လ​တို့​၏​ဘုန်း​တန်​ခိုး​သည်​ငှက် ပျံ​သ​ကဲ့​သို့​ကွယ်​ပျောက်​သွား​လိမ့်​မည်။ သူ တို့​တွင်​သ​မီး​များ​မ​ထွန်း​ကား​ရ။ ကိုယ် ဝန်​ဆောင်​သော​မိန်း​မ မ​ရှိ​ရ။ သန္ဓေ​တည် ခြင်း​မ​ရှိ​စေ​ရ။-

12. အ​ကယ်​၍​သူ​တို့​သည်​သား​သ​မီး​များ ကို​ပြု​စု​ကြီး​ပြင်း​လာ​စေ​ကြ​သည့်​တိုင် အောင်​ငါ​သည်​ထို​က​လေး​များ​ကို​ရုပ် သိမ်း​၍​တစ်​ယောက်​ကို​မျှ​အ​သက်​ရှင်​စေ မည်​မ​ဟုတ်။ ငါ​သည်​သူ​တို့​ကို​စွန့်​ပစ် သော​အ​ခါ​သူ​တို့​သည်​ကြောက်​မက်​ဖွယ် ဘေး​ဒုက္ခ​နှင့်​တွေ့​ကြုံ​ရ​လိမ့်​မည်'' ဟု မိန့်​တော်​မူ​၏။

13. အ​ရှင်​ထာ​ဝ​ရ​ဘု​ရား၊ သူ​တို့​၏​သား သ​မီး​များ​အား​ရန်​သူ​များ​လိုက်​လံ​၍ သတ်​ဖြတ်​နေ​သည်​ကို​အ​ကျွန်ုပ်​မြင် ယောင်​ပါ​၏။-

ဟော​ရှေ 9