ဟော​ရှေ 8:8-11 Common Language Bible (BCL)

8. ဣ​သ​ရေ​လ​နိုင်​ငံ​သည်​အ​ခြား​နိုင်​ငံ​များ နှင့်​မ​ထူး​ခြား​ပေ။ အ​သုံး​မ​ကျ​သော အိုး​ကွဲ​နှင့်​တူ​၏။-

9. ဣ​သ​ရေ​လ​ပြည်​သူ​တို့​သည်​ထိန်း​ချုပ်​၍ မ​ရ​သော​မြည်း​ရိုင်း​ကဲ့​သို့​စိတ်​ထင်​ရာ​ပြု လုပ်​တတ်​၏။ သူ​တို့​သည်​အာ​ရှု​ရိ​ပြည်​သို့ သွား​၍​အ​ကူ​အ​ညီ​တောင်း​ခံ​ကြ​၏။ အ​ခ ကြေး​ငွေ​ပေး​၍​အ​ခြား​နိုင်​ငံ​၏​ကာ​ကွယ် ပေး​မှု​ကို​ခံ​ယူ​ကြ​၏။-

10. သို့​ရာ​တွင်​ငါ​သည်​ယ​ခု​သူ​တို့​အား​စု​ရုံး စေ​၍​အ​ပြစ်​ဒဏ်​စီ​ရင်​မည်။ မ​ကြာ​မီ​သူ တို့​သည်​အာ​ရှု​ရိ​ဧ​က​ရာဇ်​၏ နှိပ်​စက်​ညှင်း ပန်း​ခြင်း​ဒဏ်​ကို​အ​လူး​အ​လဲ​ခံ​ရ​ကြ လိမ့်​မည်။

11. ``အ​ပြစ်​ဖြေ​ရန်​အ​တွက်​ဣ​သ​ရေ​လ​ပြည် သား​တို့​ယဇ်​ပလ္လင်​များ​များ​တည်​ဆောက် လေ​လေ အ​ပြစ်​ပြု​ရာ​နေ​ရာ​များ​လေ​လေ ဖြစ်​လာ​လေ​ပြီ။-

ဟော​ရှေ 8