13. ဂိဒေါင်ရောက်ရှိလာချိန်၌လူတစ်ယောက် သည် မိမိမြင်မက်သည့်အိပ်မက်အကြောင်း ကိုမိတ်ဆွေတစ်ဦးအားပြောပြလျက်နေ၏။ ထိုသူက``မုယောမုန့်ပြားတစ်ချပ်သည်ငါ တို့တပ်စခန်းထဲသို့လိမ့်ဝင်လာပြီးလျှင် တဲရှင်တစ်ခုနှင့်တိုက်မိသဖြင့်ထိုတဲရှင် သည်ပြိုလဲပြားချပ်၍သွားသည်ကိုငါ အိပ်မက်မြင်မက်ပါသည်'' ဟုဆိုလေသည်။
14. ထိုမိတ်ဆွေကလည်း``ထိုမုန့်ပြားသည်ဣသ ရေလအမျိုးသားယောရှ၏သားဖြစ်သူ ဂိဒေါင်၏ဋ္ဌားပင်ဖြစ်သည်။ မုန့်ပြားသည် အခြားအနက်အဋ္ဌိပ္ပါယ်ကိုမဆောင်နိုင် ရာ။ ဘုရားသခင်သည်သူ့အားမိဒျန် အမျိုးနှင့် ငါတို့တပ်တစ်ခုလုံးအပေါ်၌ အောင်ပွဲခံစေတော်မူလေပြီ'' ဟုဆို၏။
15. ထိုသူ၏အိပ်မက်နှင့်ယင်း၏အနက်အဋ္ဌိပ္ပါယ် ကိုကြားသိရသောအခါဂိဒေါင်သည်ဒူး ထောက်၍ ထာဝရဘုရားအားကိုးကွယ်၏။ ထိုနောက်ဣသရေလတပ်စခန်းသို့ပြန် ပြီးလျှင်``ထကြ၊ ထာဝရဘုရားသည်သင် တို့အားမိဒျန်တပ်အပေါ်၌အောင်ပွဲခံ စေတော်မူလေပြီ'' ဟုဆို၏။-
16. သူသည်မိမိတပ်သားသုံးရာကိုသုံးစုခွဲ ပြီးနောက် လူတိုင်းအားမီးရှူးတိုင်ပါသော အိုးတစ်လုံးနှင့်တံပိုးခရာတစ်ခုကိုပေး ၏။-
17. ထိုနောက်သူတို့အား``ရန်သူတပ်စခန်းအစွန် သို့ငါရောက်ရှိလာသောအခါ သင်တို့သည် ငါ့ကိုကြည့်၍ငါပြုသည့်အတိုင်းပြုကြ လော့။-
18. ငါနှင့်ငါ၏လူစုတံပိုးခရာမှုတ်သော အခါသင်တို့သည်လည်း စခန်းပတ်လည်၌ တံပိုးခရာများကိုမှုတ်ပြီးလျှင်`ထာဝရ ဘုရားနှင့်ဂိဒေါင်အတွက်' ဟူ၍ကြွေး ကြော်ကြလော့'' ဟုမှာထားလေသည်။
19. ဂိဒေါင်နှင့်သူ၏တပ်သားတစ်ရာတို့သည် ရန်သူ့တပ်စခန်းအစွန်သို့ သန်းခေါင်အချိန် မတိုင်မီအစောင့်ကင်းလဲပြီးစအခါ၌ ရောက်ရှိလာကြ၏။ ထိုအခါသူတို့သည် တံပိုးခရာမှုတ်၍ မိမိတို့ကိုင်ဆောင်ထား သောအိုးတို့ကိုခွဲပစ်လိုက်ကြ၏။-
20. အခြားတပ်သားနှစ်စုသည်လည်းဤနည်း တူပင်ပြုကြ၏။ သူတို့အားလုံးပင်ဘယ် လက်ဖြင့်မီးရှူးတိုင်ကိုကိုင်၍ ညာလက်ဖြင့် တံပိုးခရာကိုကိုင်ထားကြလေသည်။ ထို နောက်``ထာဝရဘုရားနှင့်ဂိဒေါင်၏ဋ္ဌား'' ဟူ၍ကြွေးကြော်ကြ၏။-
21. သူတို့သည်ရန်သူ့တပ်စခန်းပတ်လည်၌ အသီးသီးမိမိတို့နေရာ၌ရပ်နေကြ၏။ ထိုအခါရန်သူတပ်တစ်တပ်လုံးပင်လျှင် အော်ဟစ်ထွက်ပြေးကြလေသည်။-
22. ဂိဒေါင်၏တပ်သားတို့တံပိုးခရာများကို မှုတ်ကြစဉ်အခါ၌ ထာဝရဘုရားသည် ရန်သူတို့အားအချင်းချင်းဋ္ဌားလက်နက် ဖြင့်တိုက်ခိုက်စေတော်မူ၏။ သူတို့သည်ဇေရ ရတ်အရပ်သို့ဦးတည်လျက်ဗက်ရှိတ္တမြို့သို့ တိုင်အောင်လည်းကောင်း၊ တဗ္ဗတ်မြို့အနီးအာ ဗေလမဟောလမြို့သို့တိုင်အောင်လည်း ကောင်းထွက်ပြေးကြလေသည်။
23. ထိုအခါနဿလိနှင့်အာရှာအနွယ်ဝင် တို့ကိုလည်းကောင်း၊ မနာရှေဒေသနှစ်ပိုင်း စလုံးမှလူတို့ကိုလည်းကောင်းဆင့်ခေါ် လိုက်ရာ သူတို့သည်မိဒျန်အမျိုးသားတို့ ကိုလိုက်လံတိုက်ခိုက်ကြ၏။-