1. တစ်နေ့သ၌ဂိဒေါင်နှင့်တကွသူနှင့်ပါလာ သောလူအပေါင်းတို့သည်နံနက်စောစောထ ၍ ဟာရုတ်စမ်းအနီး၌တပ်ချကြ၏။ မိဒျန် အမျိုးသားတို့၏တပ်စခန်းသည်သူတို့ ၏မြောက်ဘက်မောရတောင်ကုန်းအနီးရှိ ချိုင့်ထဲ၌ရှိသတည်း။
2. ထာဝရဘုရားကဂိဒေါင်အား``သင်နှင့် အတူပါလာသောလူတို့သည်အရေအတွက် အားဖြင့်များလွန်းသဖြင့် သူတို့အားမိဒျန် အမျိုးသားတို့အပေါ်အောင်မြင်ခွင့်ကိုငါ မပေးလို။ အကယ်၍ပေးခဲ့သော်သူတို့သည် မိမိတို့၏စွမ်းရည်ဖြင့်အောင်ပွဲရသည်ဟု ထင်မှတ်ကာငါ့ကျေးဇူးကိုမသိဘဲနေ ကြလိမ့်မည်။-
3. သို့ဖြစ်၍`ကြောက်လန့်သူမှန်သမျှမိမိတို့ အိမ်သို့ပြန်ကြပါ။ ငါတို့မူကားဤဂိလဒ် တောင်တွင်နေရစ်မည်' ဟုလူတို့အားကြေညာ လော့'' ဟုမိန့်တော်မူ၏။ ထိုအခါလူပေါင်း နှစ်သောင်းနှစ်ထောင်တို့သည်ပြန်သွားကြ၏။ လူတစ်သောင်းမူကားနေရစ်ကြလေသည်။