သူ​ကြီး 4:8-13 Common Language Bible (BCL)

8. ထို​အ​ခါ​ဗာရက်​က``အ​ကယ်​၍​အ​ကျွန်ုပ်​နှင့် အ​တူ အ​ရှင်​လိုက်​မည်​ဆို​လျှင်​အ​ကျွန်ုပ်​သွား ပါ​မည်။ အ​ရှင်​မ​လိုက်​လို​ပါ​က​အ​ကျွန်ုပ် လည်း​မ​သွား​လို​ပါ'' ဟု​ဆို​၏။

9. ဒေ​ဗော​ရ​က​လည်း``ကောင်း​ပြီ၊ သင်​နှင့်​အ​တူ ငါ​လိုက်​ပါ​အံ့။ သို့​ရာ​တွင်​သင်​သည်​ထို​အောင် ပွဲ​နှင့်​ဆိုင်​သော​ဂုဏ်​အ​သ​ရေ​ကို​ရ​ရှိ​လိမ့် မည်​မ​ဟုတ်။ အ​ဘယ်​ကြောင့်​ဆို​သော်​ထာ​ဝ​ရ ဘု​ရား​သည်​သိ​သ​ရ​ကို​အ​မျိုး​သ​မီး​လက် သို့​ပေး​အပ်​တော်​မူ​လိမ့်​မည်​ဖြစ်​သော​ကြောင့် တည်း'' ဟု​ဆို​၏။ သို့​ဖြစ်​၍​ဒေ​ဗော​ရ​သည် ဗာ​ရက်​နှင့်​အ​တူ​ကိ​ရှန်​မြစ်​သို့​ထွက်​ခွာ သွား​၏။-

10. ဗာ​ရက်​သည်​န​ဿ​လိ​အ​နွယ်​ဝင်​နှင့်​ဇာ​ဗု​လုန် အ​နွယ်​ဝင်​တို့​ကို ကေ​ဒေ​ရှ​မြို့​သို့​ခေါ်​ယူ​ရာ သူ​၏​နောက်​သို့​လူ​ပေါင်း​တစ်​သောင်း​လိုက်​ကြ ၏။ ဒေ​ဗော​ရ​သည်​လည်း​သူ​နှင့်​အ​တူ​လိုက် လေ​သည်။

11. ဤ​အ​တော​အ​တွင်း​၌​ကေ​နိ​အ​မျိုး​သား ဟေ​ဗာ​သည် ကာ​ဒေ​ရှ​မြို့​အ​နီး​ဗာ​နိမ်​အ​ရပ် ရှိ​သ​ပိတ်​ပင်​ခြေ​ရင်း​၌​မိ​မိ​၏​တဲ​ကို​တည် ဆောက်​၏။ သူ​သည်​မော​ရှေ​၏​ယောက်​ဖ၊ ဟော​ဗက် ၏​သား​မြေး​များ​ဖြစ်​သူ​အ​ခြား​ကေ​နိ​အ​နွယ် ဝင်​တို့​ထံ​မှ​ပြောင်း​ရွှေ့​လာ​သူ​ဖြစ်​သ​တည်း။

12. တာ​ဗော်​တောင်​သို့​ဗာ​ရက်​တက်​သွား​သည့် အ​ကြောင်း​ကို သိ​သ​ရ​ကြား​သိ​သော​အ​ခါ၊-

13. သူ​သည်​သံ​ရ​ထား​ကိုး​ရာ​နှင့်​မိ​မိ​၏​လူ အ​ပေါင်း​တို့​ကို​စု​ရုံး​စေ​ပြီး​လျှင် လူ​မျိုး ခြား​တို့​နေ​ရာ​ဟာ​ရော​ရှက်​မြို့​မှ​ကိ​ရှုန် မြစ်​သို့​စေ​လွှတ်​လိုက်​လေ​သည်။

သူ​ကြီး 4