သူ​ကြီး 21:23-25 Common Language Bible (BCL)

23. ဗင်္ယာ​မိန်​အ​မျိုး​သား​တို့​သည်​လည်း​ယင်း​သို့ မှာ​ထား​သည့်​အ​တိုင်း​ပြု​၍ က​ခုန်​လျက်​လာ ကြ​သော​အ​မျိုး​သ​မီး​တို့​အား ကိုယ်​စီ​ကိုယ် ငှ​ရွေး​ယူ​ဖမ်း​ဆီး​ခေါ်​ဆောင်​၍​မိ​မိ​တို့​နယ် မြေ​သို့​ပြန်​ပြီး​လျှင်​မိ​မိ​တို့​၏​မြို့​များ​ကို ပြန်​လည်​ထူ​ထောင်​ကာ​နေ​ထိုင်​ကြ​လေ​၏။-

24. တစ်​ချိန်​တည်း​မှာ​ပင်​အ​ခြား​ဣ​သ​ရေ​လ အ​မျိုး​သား​တို့​သည် မိ​မိ​တို့​၏​အ​မျိုး​အ​နွယ်၊ အိမ်​ထောင်​စု​နှင့်​အိုး​အိမ်​ရှိ​ရာ​အ​ရပ်​အ​သီး သီး​သို့​ပြန်​လည်​ထွက်​ခွာ​သွား​ကြ​ကုန်​၏။

25. ထို​ခေတ်​အ​ခါ​က​ဣ​သ​ရေ​လ​လူ​မျိုး​တွင် ရှင်​ဘု​ရင်​မ​ရှိ​သေး​ချေ။ လူ​တိုင်း​ပင်​မိ​မိ အ​လို​ရှိ​သည်​အ​တိုင်း​ပြု​သ​တည်း။ တ​ရား​သူ​ကြီး​မှတ်​စာ​ပြီး​၏။

သူ​ကြီး 21