31. ဗင်္ယာမိန်အမျိုးသားတို့သည်တိုက်ခိုက်ရန်ထွက် လာသောအခါ မြို့နှင့်ဝေးကွာရာသို့မျှား၍ ခေါ်ဆောင်ခြင်းခံကြရ၏။ သူတို့သည်ကွင်းပြင် တွင်လည်းကောင်း၊ ဗေသလမြို့သို့သွားရာလမ်း နှင့်ဂိဗာမြို့သို့သွားရာလမ်း၌လည်းကောင်း ယခင်ကကဲ့သို့ပင်ဣသရေလအမျိုးသား တို့ကိုစတင်လုပ်ကြံကြရာလူပေါင်းသုံးဆယ် ခန့်သေလေသည်။-
32. ဗင်္ယာမိန်အမျိုးသားတို့က``ငါတို့သည်ရှေး နည်းတူပင်သူတို့အားနှိမ်နင်းလိုက်လေပြီ'' ဟုဆိုကြ၏။သို့သော်ဣသရေလအမျိုးသားတို့သည် မိမိတို့တပ်ကိုဆုတ်ခွာ၍ မြို့နှင့်ဝေးရာ လမ်းများပေါ်သို့ရောက်အောင်ရန်သူ့အား သွေးဆောင်ခေါ်ယူသွားရန်စီစဉ်ထားကြ၏။-
33. သို့ဖြစ်၍ဣသရေလအမျိုးသားတို့၏ပင် မတပ်ကြီးသည် ဆုတ်ခွာ၍ ဗာလတာမာမြို့၌ ပြန်လည်စုရုံးမိသောအခါ ဂိဗာမြို့ကိုဝိုင်းရံ ထားသောတပ်ပုန်းသည် မိမိတို့ပုန်းအောင်းရာ ကျောက်ပေါများသည့်မြို့ပတ်လည်အရပ်မှ ရုတ်တရက်ထွက်လာကြ၏။-