သူ​ကြီး 10:1-4 Common Language Bible (BCL)

1. အ​ဘိ​မ​လက်​ကွယ်​လွန်​ပြီး​နောက် ဣ​သ​ရေ​လ လူ​မျိုး​ကို​ကယ်​ဆယ်​ရန်​ဒေါ​ဒေါ​၏​မြေး၊ ဖု​ဝါ ၏​သား​တော​လ​ပေါ်​ထွန်း​လာ​၏။ သူ​သည်​ဣ​သ ခါ​အ​နွယ်​ဝင်​ဖြစ်​၍ ဧ​ဖ​ရိမ်​တောင်​ကုန်း​ရှိ ရှ​မိ​ရ​မြို့​တွင်​နေ​ထိုင်​၏။-

2. သူ​သည်​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏​ခေါင်း ဆောင်​အ​ဖြစ်​ဖြင့် နှစ်​ဆယ့်​သုံး​နှစ်​မျှ​ဆောင်​ရွက် ပြီး​နောက်​ကွယ်​လွန်​သော် သူ​၏​ရုပ်​အ​လောင်း​ကို ရှ​မိ​ရ​မြို့​၌​သင်္ဂြိုဟ်​ကြ​လေ​သည်။

3. တော​လ​ကွယ်​လွန်​ပြီး​နောက်​ဂိ​လဒ်​ပြည်​သား ယာ​ဣ​ရ​ပေါ်​ထွန်း​လာ​၍ ဣ​သ​ရေ​လ​အ​မျိုး သား​တို့​အား​နှစ်​ဆယ့်​နှစ်​နှစ်​တိုင်​ခေါင်း​ဆောင် ရ​၏။-

4. သူ​၌​မြည်း​တစ်​ကောင်​စီ​စီး​သော​သား​သုံး​ကျိပ် ရှိ​၏။ သူ​တို့​သည်​ဂိ​လဒ်​ပြည်​တွင်​မြို့​ပေါင်း​သုံး ဆယ်​ကို​အ​ပိုင်​စား​ရ​ရှိ​ကြ​လေ​သည်။ ထို​မြို့ တို့​သည်`ယာ​ဣ​ရ​ရွာ​များ' ဟူ​၍​ယ​နေ့​တိုင် အောင်​နာ​မည်​တွင်​လျက်​ရှိ​နေ​သေး​သ​တည်း။-

သူ​ကြီး 10