သူ​ကြီး 1:21-25 Common Language Bible (BCL)

21. ဗင်္ယာ​မိန်​အ​နွယ်​ဝင်​တို့​မူ​ကား​ယေ​ရု​ရှ​လင် မြို့​တွင် နေ​ထိုင်​သော​ယေ​ဗု​သိ​အ​မျိုး​သား​တို့ အား​ထို​မြို့​မှ​နှင်​ထုတ်​ခြင်း​မ​ပြု​ကြ​ချေ။ သို့ ဖြစ်​၍​ထို​အ​ချိန်​အ​ခါ​မှ​အ​စ​ပြု​၍​ယေ​ဗု​သိ အ​မျိုး​သား​တို့​သည် ဗင်္ယာ​မိန်​အ​မျိုး​သား​တို့ နှင့်​အ​တူ​ယေ​ရု​ရှ​လင်​မြို့​တွင်​နေ​ထိုင်​ခဲ့ ကြ​သ​တည်း။

22-23. ဧ​ဖ​ရိမ်​အ​နွယ်​ဝင်​နှင့်​မ​နာ​ရှေ​အ​နွယ်​ဝင် တို့​သည်​ဗေ​သ​လ​မြို့​ကို​တိုက်​ခိုက်​ရန်​သွား ရောက်​ကြ​၏။ ထို​စဉ်​အ​ခါ​က​ထို​မြို့​သည် လု​ဇ​မြို့​ဟု​အ​မည်​တွင်​လေ​သည်။ ထာ​ဝ​ရ ဘု​ရား​သည်​သူ​တို့​အား​ကူ​ညီ​မ​စ​တော် မူ​၏။ မြို့​တွင်း​သို့​သူ​တို့​စေ​လွှတ်​လိုက်​သော သူ​လျှို​တို့​သည်၊-

24. မြို့​ထဲ​မှ​လူ​တစ်​ယောက်​ထွက်​လာ​သည်​ကို​မြင် ကြ​၏။ သူ​တို့​က​ထို​သူ​အား``မြို့​ထဲ​သို့​ဝင်​ရန် ငါ​တို့​အား​လမ်း​ပြ​မည်​ဆို​လျှင်​သင့်​ကို​ငါ တို့​အ​ဘယ်​သို့​မျှ​အန္တ​ရာယ်​ပြု​မည်​မ​ဟုတ် ပါ'' ဟု​ပြော​ကြ​၏။-

25. ထို​သူ​က​လည်း​သူ​တို့​အား​လမ်း​ပြ​သ​ဖြင့် ဧ​ဖ​ရိမ်​အ​မျိုး​သား​နှင့်​မ​နာ​ရှေ​အ​မျိုး သား​တို့​သည် ထို​သူ​နှင့်​သူ​၏​အိမ်​ထောင်​စု သား​များ​မှ​အ​ပ​အ​ခြား​မြို့​သူ​မြို့​သား ရှိ​သ​မျှ​ကို​သတ်​ဖြတ်​ကြ​လေ​သည်။-

သူ​ကြီး 1