သုတ္တံကျမ်း။ 5:19-22 Common Language Bible (BCL)

19. သူသည်စုံမက်တတ်သော သမင်မ၊ နှစ်လိုဘွယ် သော ဒရယ်မကဲ့သို့ဖြစ်၍၊ သူ၏သားမြတ်တို့သည် သင်၏အလိုဆန္ဒကို အစဉ်ပြေစေ၍၊ သူ့ကိုချစ်သော စိတ်နှင့် အစဉ်ယစ်မူးလျက်နေလော့။

20. ငါ့သား၊ သင်သည် အမျိုးပျက်သောမိန်းမနှင့် အဘယ်ကြောင့် ယစ်မူးသနည်း။ ပြည်တန်ဆာမ၏ ရင်ပတ်ကိုအဘယ်ကြောင့် ဘက်ယမ်းသနည်း။

21. လူသွားလာသမျှသော လမ်းတို့သည် ထာဝရ ဘုရားမျက်မှောက်တော်၌ ရှိကြ၍၊ သွားလာသမျှသော အခြင်းအရာတို့ကို စူးစမ်းတော်မူ၏။

22. အဓမ္မလူသည် မိမိပြုသော ဒုစရိုက်အပြစ်ဖြင့် ဘမ်းမိခြင်း၊ မိမိအပြစ်ကြိုးတို့ဖြင့် ချည်နှောင်ခြင်းကို ခံရ လိမ့်မည်။

သုတ္တံကျမ်း။ 5