ဝတ်​ပြု 4:14-17 Common Language Bible (BCL)

14. ပြစ်​မှား​ကြောင်း​သိ​လျှင်​သိ​ချင်း​နွား​ထီး​ငယ် ကို​အ​ပြစ်​ဖြေ​ရာ​ယဇ်​အ​ဖြစ်​ပူ​ဇော်​ကြ​ရ မည်။ သူ​တို့​သည်​ထို​နွား​ကို​ထာ​ဝ​ရ​ဘု​ရား စံ​တော်​မူ​ရာ​တဲ​တော်​သို့​ယူ​ဆောင်​ခဲ့​ရ​မည်။-

15. ထို​နောက်​အ​မျိုး​သား​ခေါင်း​ဆောင်​တို့​သည် နွား​၏​ဦး​ခေါင်း​ပေါ်​တွင်​လက်​များ​ကို​တင် ၍​နွား​ကို​သတ်​ရ​မည်။-

16. ယဇ်​ပု​ရော​ဟိတ်​မင်း​သည်​နွား​သွေး​အ​နည်း ငယ်​ကို တဲ​တော်​ထဲ​သို့​ယူ​ဆောင်​သွား​ပြီး​လျှင်၊-

17. သူ​၏​လက်​ချောင်း​ကို​သွေး​ထဲ​၌​နှစ်​၍​သွေး ကို ကန့်​လန့်​ကာ​ရှေ့​တွင်​ခု​နစ်​ကြိမ်​ဖျန်း​ရ​မည်။-

ဝတ်​ပြု 4