ဝတ်​ပြု 25:12-16 Common Language Bible (BCL)

12. ထို​နှစ်​တစ်​နှစ်​လုံး​သည်​သင်​တို့​အ​တွက်​နှစ် ထူး​နှစ်​မြတ်​ဖြစ်​၏။ သင်​တို့​သည်​လယ်​မှ အ​လို​အ​လျောက်​ထွက်​သ​မျှ​ကို​သာ​စား သုံး​ရ​ကြ​မည်။

13. အ​ရောင်း​အ​ဝယ်​ပြု​လုပ်​ခဲ့​သော​ပစ္စည်း​ရှိ​သ​မျှ ကို ဤ​နှစ်​၌​မူ​လ​ပိုင်​ရှင်​လက်​သို့​ပြန်​လည်​ပေး အပ်​ရ​မည်။-

14. သို့​မှ​သာ​သင်​သည်​အ​မျိုး​သား​ချင်း​နှင့် အ​ရောင်း​အ​ဝယ်​ပြု​လုပ်​သည့်​အ​ခါ ထိုက် တန်​သော​တန်​ဖိုး​ကို​ဖြတ်​ရ​မည်။-

15. နောက်​တစ်​ကြိမ်​ပြန်​လည်​ပေး​အပ်​ခြင်း​ဆိုင် ရာ​နှစ်​မ​ကျ​ရောက်​မီ မြေ​မှ​အ​သီး​အ​နှံ​ထွက် မည့်​နှစ်​အ​နည်း​အ​များ​ကို​တွက်​ချက်​၍ မြေ​၏​တန်​ဖိုး​ကို​ဖြတ်​ရ​မည်။-

16. အ​ရောင်း​အ​ဝယ်​ပြု​လုပ်​ရာ​၌​မြေ​မှ​အ​သီး အ​နှံ​ထွက်​အ​ကြိမ်​ပေါင်း​ကို​တွက်​ချက်​၍ ရောင်း ဝယ်​ရ​သည်​ဖြစ်​သော​ကြောင့် အ​သီး​အ​နှံ​ထွက် မည့်​နှစ်​အ​နည်း​အ​များ​အ​လိုက်​မြေ​တန်​ဖိုး ကို​ဖြတ်​ရ​မည်။-

ဝတ်​ပြု 25