4. အာရုန်သည်ရွှေမီးတိုင်မှမီးခွက်များကို ထိန်းသိမ်းစောင့်ရှောက်၍ထာဝရဘုရား၏ ရှေ့တော်၌အစဉ်မပြတ်ထွန်းတောက်လျက် ရှိစေရမည်။
5. မုန့်ညက်နှစ်ဆယ့်လေးပေါင်ဖြင့်မုန့်တစ်ဆယ့် နှစ်လုံးဖုတ်လော့။-
6. ထာဝရဘုရား၏ရှေ့တော်၌ရှိသောရွှေစင် ဖြင့်မွမ်းမံထားသည့်စားပွဲပေါ်တွင်မုန့်လုံး များကိုတစ်တန်းလျှင်မုန့်ခြောက်လုံးကျ နှစ်တန်းစီလော့။-
7. ထာဝရဘုရားအားဆက်သသည့်ပူဇော်သကာ အထိမ်းအမှတ်အဖြစ်မုန့်လုံးတစ်တန်းစီပေါ် တွင်နံ့သာအစစ်ကိုတင်လော့။-
8. အစဉ်အမြဲဥပုသ်နေ့တိုင်းထာဝရဘုရား ၏ရှေ့တော်၌မုန့်ကိုဆက်သရမည်။-
9. ဤကားဣသရေလအမျိုးသားတို့ထာဝစဉ် ဆောင်ရွက်ရမည့်တာဝန်ဖြစ်သည်။ ဤမုန့်များ သည်အာရုန်နှင့်သူ၏သားမြေးများစားရန် အတွက်ဖြစ်သည်။ ယဇ်ပုရောဟိတ်များအတွက် ထာဝရဘုရားအားဆက်သသောမုန့်ဖြစ်ခြင်း ကြောင့်အလွန်သန့်ရှင်းသဖြင့်သူတို့သည်ဤ မုန့်ကိုသန့်ရှင်းသောဌာနတော်၌စားရကြ မည်။