ဝတ်​ပြု 21:14-22 Common Language Bible (BCL)

14. မု​ဆိုး​မ၊ လင်​ကွာ​မိန်း​မ၊ ပြည့်​တန်​ဆာ​မ တို့​နှင့်​ထိမ်း​မြား​စုံ​ဖက်​ခြင်း​မ​ပြု​ရ။ သူ သည်​မိ​မိ​အ​မျိုး​အ​နွယ်​ထဲ​မှ​အ​ပျို​စင် ကို​သာ​ထိမ်း​မြား​စုံ​ဖက်​ရ​မည်။-

15. ဤ​အ​တိုင်း​မ​ကျင့်​လျှင်​သူ​၏​သား​သ​မီး တို့​သည် သန့်​ရှင်း​သင့်​ပါ​လျက်​နှင့်​မ​သန့် ရှင်း​သူ​များ​ဖြစ်​ကြ​လိမ့်​မည်။ ငါ​ထာ​ဝ​ရ ဘု​ရား​သည်​သူ့​အား ယဇ်​ပု​ရော​ဟိတ်​မင်း အ​ဖြစ်​ခွဲ​ခန့်​မှတ်​သား​တော်​မူ​ပြီ။

16-17. ထာ​ဝ​ရ​ဘု​ရား​သည်​မော​ရှေ​မှ​တစ်​ဆင့် အာ​ရုန်​အား ``သင်​၏​အ​ဆက်​အ​နွယ်​ထဲ​မှ ကိုယ်​အင်္ဂါ​ချွတ်​ယွင်း​နေ​သူ​သည် ငါ့​အား ပူ​ဇော်​သ​ကာ​ကို​မ​ဆက်​သ​ရ။ ဤ​ပ​ညတ် ကို​ထာ​ဝ​စဉ်​လိုက်​နာ​ရ​မည်။-

18-20. မျက်​စိ​မ​မြင်​သူ၊ ခြေ​ဆွံ့​သူ၊ မျက်​နှာ​ရုပ် အ​ဆင်း​ပျက်​သူ၊ အ​ရုပ်​ဆိုး​အ​ကျည်း​တန် သူ၊ လက်​ခြေ​မ​သန်​စွမ်း​သူ၊ ကျော​ကုန်း​သူ၊ ပု​ကွ​သူ၊ မျက်​စိ​ရော​ဂါ​စွဲ​သူ၊ ကိုယ်​ရေ​ပြား ရော​ဂါ​ရှိ​သူ၊ သင်း​ကွပ်​ထား​သူ​စ​သည်​တို့ သည်​ငါ့​အား​ပူ​ဇော်​ဆက်​သ​ခြင်း​မ​ပြု​ရ။-

21. အာ​ရုန်​၏​အ​ဆက်​အ​နွယ်​ထဲ​မှ​ကိုယ်​အ​င်္ဂါ တစ်​စုံ​တစ်​ခု​ချွတ်​ယွင်း​နေ​သော​ယဇ်​ပု​ရော ဟိတ်​သည် ငါ့​အား​ပူ​ဇော်​သ​ကာ​မ​ဆက်​သ​ရ။-

22. ထို​သို့​သော​ယဇ်​ပု​ရော​ဟိတ်​သည် ငါ့​အား ဆက်​သ​သော​သန့်​ရှင်း​သည့်​ပူ​ဇော်​သ​ကာ ကို​သော်​လည်း​ကောင်း၊ အ​လွန်​သန့်​ရှင်း​သည့် ပူ​ဇော်​သ​ကာ​ကို​သော်​လည်း​ကောင်း​စား သုံး​နိုင်​သည်။-

ဝတ်​ပြု 21