25. ပဉ္စမနှစ်သို့ရောက်လျှင်သင်တို့သည်သစ်သီး များကိုစားသုံးနိုင်သည်။ သင်တို့သည်အထက် ပါအတိုင်းလိုက်နာလျှင် သစ်သီးအထွက်တိုး လိမ့်မည်။ ငါသည်သင်တို့၏ဘုရားသခင် ထာဝရဘုရားဖြစ်တော်မူ၏။
26. ``သွေးပါရှိနေသေးသောအသားကိုမစားရ။ ဗေဒင်မှော်အတတ်အမျိုးမျိုးတို့ကိုမကျင့် သုံးရ။-
27. သေသူအတွက်ဝမ်းနည်းသည့်အနေဖြင့် ဦး ခေါင်းဘေးပတ်လည်ရှိဆံပင်ကိုမညှပ်ရ။ မုတ်ဆိတ်မွေးကိုလည်းမညှိရ။-
28. ကိုယ်ပေါ်တွင်ဆေးမင်လည်းမထိုးရ။ ကိုယ်ကို လည်းမလှီးမရှရ။ ငါသည်ထာဝရဘုရား ဖြစ်တော်မူ၏။
29. ``ခါနာန်နတ်ဘုရားများကို ကိုးကွယ်ရာဌာနနှင့် ဆိုင်သောပြည့်တန်ဆာများအဖြစ် မိမိသမီး များကိုစေခိုင်းခြင်းအားဖြင့်သူတို့၏အသရေ ကိုမပျက်စေနှင့်။ ထိုသို့ပြုလျှင်သင်တို့သည် ထာဝရဘုရားကိုစွန့်ပယ်၍အကျင့်ပျက် ကုန်ကြလိမ့်မည်။-
30. ဥပုသ်နေ့ကိုစောင့်ထိန်း၍ ငါ့အားဝတ်ပြုရာ ဌာနတော်ကိုရိုသေလော့။ ငါသည်ထာဝရ ဘုရားဖြစ်တော်မူ၏။
31. ``သေသူတို့၏ဝိညာဉ်နှင့်ဆက်သွယ်သောသူ တို့ထံမှ အကြံဉာဏ်မတောင်းခံနှင့်။ ထိုသို့ပြု လျှင်သင်တို့သည် ဘာသာရေးထုံးနည်းအရ ညစ်ညမ်းကြလိမ့်မည်။ ငါသည်သင်တို့၏ဘုရားသခင်ထာဝရဘုရားဖြစ်တော်မူ၏။