ဝတ်​ပြု 18:7-15 Common Language Bible (BCL)

7. သင်​၏​မိ​ခင်​နှင့်​ကာ​မ​စပ်​ယှက်​ခြင်း​အား ဖြင့် ဖ​ခင်​ကို​အ​ရှက်​မ​ခွဲ​ရ။ သင်​၏​မိ​ခင် အ​ရင်း​ကို​အ​ရှက်​မ​ခွဲ​ရ။-

8. ဖ​ခင်​၏​မ​ယား​ငယ်​များ​နှင့်​ကာ​မ​စပ်​ယှက် ခြင်း​မ​ပြု​ရ။-

9. နှ​မ​အ​ရင်း​နှင့်​သော်​လည်း​ကောင်း၊ တစ်​အိမ် တည်း​သို့​မ​ဟုတ် အိမ်​ခွဲ​၍​ကြီး​ပြင်း​လာ​သော ဖ​အေ​ပါ၊ မ​အေ​ပါ​သ​မီး​နှင့်​သော်​လည်း ကောင်း ကာ​မ​စပ်​ယှက်​ခြင်း​မပြု​ရ။-

10. သင်​၏​မြေး​မိန်း​မ​နှင့်​ကာ​မ​စပ်​ယှက်​ခြင်း မ​ပြု​ရ။ သင့်​ကိုယ်​ကို​သင်​အ​ရှက်​ခွဲ​ရာ ရောက်​လိမ့်​မည်။-

11. ဖ​အေ​တူ​မ​အေ​ကွဲ​မောင်​နှ​မ​နှင့် ကာ​မ​စပ် ယှက်​ခြင်း​မ​ပြု​ရ။ သူ​သည်​လည်း​သင်​၏​နှ​မ ပင်​ဖြစ်​သည်။-

14. ဦး​လေး​၏​ဇ​နီး​နှင့် ကာ​မ​စပ်​ယှက်​ခြင်း​မ ပြု​ရ။ သူ​သည်​လည်း​သင်​၏​အ​ဒေါ်​ပင်​ဖြစ်​၏။-

15. သင်​၏​ချွေး​မ​နှင့်​ကာ​မ​စပ်​ယှက်​ခြင်း မ​ပြု​ရ။-

ဝတ်​ပြု 18