7. ထိုနောက်သူသည်ဆိတ်နှစ်ကောင်ကို ထာဝရ ဘုရားစံတော်မူရာတဲတော်တံခါးဝသို့ ယူဆောင်လာပြီးလျှင်၊-
8. ကျောက်တုံးနှစ်တုံးကိုယူလျက်၊ ကျောက်တုံး တစ်တုံးကို``ထာဝရဘုရားအတွက်'' ဟူ၍ လည်းကောင်း၊ အခြားကျောက်တုံးကို``အဇာ ဇယ်အတွက်'' ဟူ၍လည်းကောင်းမှတ်သားပြီးနောက် ဆိတ် နှစ်ကောင်ကိုစာရေးတံချရမည်။-
9. အာရုန်သည်ထာဝရဘုရားအတွက် စား ရေးတံကျသောဆိတ်ကိုအပြစ်ပြေရာ ပူဇော်သကာအဖြစ်ပူဇော်ရမည်။-
10. အဇာဇယ်အတွက်စာရေးတံကျသောဆိတ် အရှင်ကိုထာဝရဘုရားအားဆက်ကပ်၍ လူတို့၏အပြစ်များကိုယူဆောင်သွားစေ ရန် ထိုဆိတ်ကိုတောကန္တာရသို့စေလွှတ်လိုက် ရမည်။
11. အာရုန်သည်မိမိ၏မိသားစုအတွက် အပြစ် ဖြေရာပူဇော်သကာအဖြစ်နွားထီးကို ပူဇော်သောအခါ၊-
12. ယဇ်ပလ္လင်မှမီးခဲများကိုမီးကျီးခံလင်ပန်း ၌ အပြည့်ထည့်၍နံ့သာမှုန့်လက်နှစ်ဆုပ်ကို ယူပြီးလျှင် အလွန်သန့်ရှင်းရာဌာနတော် ထဲသို့ဝင်ရမည်။-
13. ထိုနောက်ထာဝရဘုရား၏ရှေ့တော်တွင် နံ့သာကိုမီးခဲပေါ်၌ဖြူးရမည်။ နံ့သာ မှထွက်သောမီးခိုးသည်ပဋိညာဉ်သေတ္တာ ဖုံးကိုကွယ်ထားသဖြင့် သူသည်အဖုံးကို မမြင်နိုင်သောကြောင့်အသက်ချမ်းသာ ရာရလိမ့်မည်။-