ဝတ်​ပြု 14:39-43 Common Language Bible (BCL)

39. သူ​သည်​သတ္တ​မ​နေ့​၌ ထို​အိမ်​သို့​တစ်​ဖန်​သွား ရောက်​စစ်​ဆေး​ရ​မည်။ ယဇ်​ပု​ရော​ဟိတ်​သည် ဖား​ဥ​များ​ပြန့်​ပွား​လျက်​ရှိ​ကြောင်း​တွေ့​ရ လျှင်၊-

40. ဖား​ဥ​စွဲ​သော​ကျောက်​တုံး​များ​ကို​ထုတ်​၍ မြို့​ပြင်​ရှိ​အ​ညစ်​အ​ကြေး​စွန့်​ရာ​အ​ရပ် ၌​စွန့်​ပစ်​ရ​မည်။-

41. ထို​နောက်​အိမ်​တွင်း​ထ​ရံ​များ​မှ​အင်္ဂ​တေ​ကို ခြစ်​ခွာ​စေ​ရ​မည်။ ခြစ်​ခွာ​၍​ရ​သော​အင်္ဂ​တေ ကို​မြို့​ပြင်​ရှိ​အ​ညစ်​အ​ကြေး​စွန့်​ရာ​အ​ရပ် ၌​စွန့်​ပစ်​ရ​မည်။-

42. ထုတ်​ပစ်​သော​ကျောက်​တုံး​များ​နေ​ရာ​တွင် အ​ခြား​ကျောက်​တုံး​များ​ဖြင့်​အ​စား​ထိုး ၍ ထ​ရံ​များ​ကို​အင်္ဂ​တေ​ဖြင့်​အ​သစ်​မွမ်း​မံ စေ​ရ​မည်။

43. ထို​အိမ်​တွင်​ကျောက်​တုံး​များ​ကို​ထုတ်​၍​ထ​ရံ များ​ကို​ခြစ်​လျက် အင်္ဂ​တေ​အ​သစ်​မွမ်း​မံ​ပြီး နောက်​ဖား​ဥ​စွဲ​ပြန်​လျှင်၊-

ဝတ်​ပြု 14