ဝတ်​ပြု 11:10-23 Common Language Bible (BCL)

10. သို့​ရာ​တွင်​ဆူး​တောင်​နှင့်​အ​ကြေး​မ​ပါ​ရှိ သော​ရေ​သတ္တ​ဝါ​များ​ကို​မ​စား​ရ။-

11. ထို​သတ္တ​ဝါ​များ​ကို​မ​သန့်​ရှင်း​ဟု​မှတ်​ယူ ရ​မည်။ သင်​တို့​သည်​ထို​သတ္တ​ဝါ​များ​ကို မ​စား​ရ၊ အ​သေ​ကောင်​များ​ကို​ပင်​မ​ထိ ရ။-

12. ဆူး​တောင်​နှင့်​အ​ကြေး​မ​ပါ​ရှိ​သော​ရေ သတ္တ​ဝါ​ဟူ​သ​မျှ​ကို​မ​စား​ရ။

13-19. အောက်​ဖော်​ပြ​ပါ​ငှက်​မျိုး​တို့​ကို​သင်​တို့ သည်​မ​စား​ရ။ လင်း​ယုန်၊ ဇီး​ကွက်၊ သိမ်း​ငှက်၊ လင်း​တ၊ ကျီး၊ ငှက်​ကု​လား​အုတ်၊ ဇင်​ယော်၊ ငှက် ကျား၊ ဗျိုင်း၊ ငှက်​ကြီး​ဝံ​ပို၊ တင်​ကျီး၊ တောင်​သူ ဘီး​ငှက်​နှင့်​လင်း​နို့​တို့​ဖြစ်​သည်။

20-21. ခုန်​ဆွ​သွား​တတ်​သည့်​ပိုး​ကောင်​များ​မှ​လွဲ​၍ အ​တောင်​ရှိ​ပိုး​ကောင်​ဟူ​သ​မျှ​သည်​မ​သန့်​ရှင်း၊-

22. သင်​တို့​သည်​ကျိုင်း​ကောင်၊ ပ​ရစ်​နှင့်​နှံ​ကောင်​များ ကို​စား​နိုင်​သည်။-

23. သို့​ရာ​တွင်​အ​တောင်​ရှိ​၍​တွား​သွား​တတ်​သော အ​ခြား​အ​ကောင်​ငယ်​ရှိ​သ​မျှ​ကို မ​သန့်​ရှင်း ဟု​မှတ်​ယူ​ရ​မည်။

ဝတ်​ပြု 11