လုကာ 11:18-21 Common Language Bible (BCL)

18. ထို့​ကြောင့်​စာ​တန်​၏​နိုင်​ငံ​တွင်​စိတ်​ဝမ်း​ကွဲ​ပြား မှု​ရှိ​လျှင် အ​ဘယ်​သို့​လျှင်​ရပ်​တည်​နိုင်​မည်​နည်း။ ငါ​သည်​ဗေ​လ​ဇေ​ဗု​လ​ကို​အ​မှီ​ပြု​၍ နတ်​မိစ္ဆာ များ​ကို​နှင်​ထုတ်​သည်​ဟု​သင်​တို့​ဆို​ကြ​၏။-

19. အ​ကယ်​၍​ငါ​သည်​ဗေ​လ​ဇေ​ဗု​လ​ကို​အ​မှီ ပြု​၍​နတ်​မိစ္ဆာ​များ​ကို​နှင်​ထုတ်​သည်​ဆို​ပါ​မူ သင်​တို့​၏​တ​ပည့်​များ​ကား​မည်​သူ​ကို​အ​မှီ ပြု​၍ နတ်​မိစ္ဆာ​များ​ကို​နှင်​ထုတ်​ကြ​သ​နည်း။ ထို​သူ​တို့​က​ပင်​လျှင်​သင်​တို့​မှား​ကြောင်း သက်​သေ​ထူ​ကြ​၏။-

20. သို့​ရာ​တွင်​ငါ​သည်​ဘု​ရား​သ​ခင်​၏​တန်​ခိုး တော်​အား​ဖြင့်​နတ်​မိစ္ဆာ​များ​ကို​နှင်​ထုတ်​သည် ဖြစ်​သော​ကြောင့် ဘု​ရား​သ​ခင်​၏​နိုင်​ငံ​တော် သည်​သင်​တို့​တွင်​တည်​လျက်​ရှိ​လေ​ပြီ။''

21. ``ခွန်​အား​ကြီး​သူ​သည်​လက်​နက်​စုံ​နှင့် မိ​မိ အိမ်​ကို​စောင့်​ကြပ်​နေ​သော​အ​ခါ သူ​၏​ဥစ္စာ ပစ္စည်း​များ​သည်​လုံ​ခြုံ​မှု​ရှိ​၏။-

လုကာ 11