3. သူတို့မှ အနည်းငယ်လွန်ပြန်လျှင်၊ ငါဝိညာဉ် ချစ်သော သူကိုတွေ့၏။ ငါသည် သူ့ကိုမလွှတ်။ အမြဲကိုင် ၍ ငါ့ကိုဘွားမြင်သော မိခင်၏အိမ်၌ အိပ်ရာအခန်းထဲသို့ ဆောင်ခဲ့ ၏။
4. ယေရုရှလင်မြို့သမီးတို့၊ ငါချစ်သော သတို့သမီး သည် အလိုလိုမနိုးမှီတိုင်အောင်၊ မလှုပ်မနှိုးမည် အကြောင်း၊ တော၌ ကျင်လည်သောသမင် ဒရယ်များကို တိုင်တည်၍၊ သင်တို့ကို ငါမှာထား၏။
5. မုရန်၊ လောဗန်အစရှိသော ကုန်သည် ရောင်း တတ်သောနံ့သာမှုန်မျိုးကို မီးရှို့၍၊ ထသော မီးခိုးတိုင် သဏ္ဍာန်ရှိလျက် တော်ထဲကလာသော ထိုသူကား၊ အဘယ် သူဖြစ်ပါလိမ့်မည်နည်း။
6. ထိုသူအပေါင်းတို့သည် ထားကိုင်လျက်၊ စစ်မှု စစ်ရေး၌ လေ့ကျက်သောသူ ဖြစ်ကြ၏။
7. ညဉ့်အခါ စိုးရိမ်စရာရှိသောကြောင့်၊ လူတိုင်းမိမိ အပေါ်၌ မိမိထားကိုမြှောင်ထားလျက်ရှိ၏။
8. လေဗနုန်သစ်သားဖြင့် ရှောလမုန်မင်းကြီး လုပ်တော်မူသော ယာဉ်ပျံတော်ဖြစ်၏။