ရှင်ယောဟန် 8:31-36 Common Language Bible (BCL)

31. သ​ခင်​ယေ​ရှု​သည်​ယုံ​ကြည်​သူ​တို့​အား ``သင် တို့​သည်​ငါ​ဟော​ပြော​သွန်​သင်​သည်​အ​တိုင်း​ပြု ကျင့်​ကြ​လျှင် ငါ​၏​တ​ပည့်​အ​မှန်​ဖြစ်​ကြ​၏။-

32. သမ္မာ​တ​ရား​ကို​လည်း​သိ​သ​ဖြင့်​ထို​သမ္မာ တ​ရား​သည်​သင်​တို့​အား​လွတ်​လပ်​စေ​လိမ့် မည်'' ဟု​မိန့်​တော်​မူ​၏။

33. ထို​သူ​တို့​က ``အ​ကျွန်ုပ်​တို့​သည်​အာ​ဗြ​ဟံ​၏ သား​မြေး​များ​ဖြစ်​ပါ​၏။ အ​ဘယ်​အ​ခါ​က​မျှ တစ်​ပါး​ကျွန်​မ​ဖြစ်​ခဲ့​ဘူး​ပါ။ `သင်​တို့​လွတ် လပ်​လိမ့်​မည်' ဟု​အ​ဘယ်​ကြောင့်​ဆို​ပါ​သ​နည်း'' ဟု​မေး​လျှောက်​ကြ​၏။

34. သ​ခင်​ယေ​ရှု​က ``အ​မှန်​အ​ကန်​သင်​တို့​အား ငါ​ဆို​သည်​ကား အ​ပြစ်​ကူး​သူ​တိုင်း​သည် အ​ပြစ်​၏​ကျွန်​ဖြစ်​၏။-

35. ကျွန်​သည်​အိမ်​မှာ​အ​စဉ်​နေ​သည်​မ​ဟုတ်၊ သား မူ​ကား​အ​စဉ်​နေ​၏။-

36. သို့​ဖြစ်​၍​သင်​တို့​အား​သား​တော်​က​လွတ်​လပ် စေ​လျှင် သင်​တို့​သည်​ဧ​ကန်​အ​မှန်​လွတ်​လပ် ကြ​လိမ့်​မည်။-

ရှင်ယောဟန် 8