ရှင်ယောဟန် 6:11-15 Common Language Bible (BCL)

11. ထို​နောက်​သ​ခင်​ယေ​ရှု​သည်​မုန့်​ကို​ယူ​၍ ကျေး​ဇူး​တော်​ကို​ချီး​မွမ်း​တော်​မူ​ပြီး​လျှင် ထိုင်​နေ​သော​သူ​တို့​အား​ဝေ​ငှ​ပေး​တော် မူ​၏။ ငါး​ကို​လည်း​ထို​နည်း​တူ​ပြု​တော် မူ​၏။ လူ​တို့​သည်​ဝ​အောင်​စား​ကြ​ရ​၏။-

12. ထို​သူ​တို့​စား​၍​ဝ​ကြ​သော​အ​ခါ​ကိုယ်​တော် က ``စား​ကြွင်း​စား​ကျန်​များ​ကို​မ​လေ​မ​လွင့် ရ​အောင်​သိမ်း​ကြ​လော့'' ဟု​တ​ပည့်​တော်​တို့ အား​မိန့်​တော်​မူ​၏။-

13. သို့​ဖြစ်​၍​တ​ပည့်​တော်​တို့​သည်​ကောက်​သိမ်း ကြ​ရာ​မု​ယော​မုန့်​ငါး​လုံး​နှင့်​ငါး​နှစ်​ကောင် မှ စား​ကြွင်း​စား​ကျန်​အ​စ​အ​န​များ​တောင်း တစ်​ဆယ့်​နှစ်​တောင်း​အ​ပြည့်​ရ​ကြ​၏။

14. ဤ​သို့​ကိုယ်​တော်​ပြ​တော်​မူ​သော​အံ့​သြ​ဖွယ် နိ​မိတ်​လက္ခ​ဏာ​ကို​မြင်​ကြ​ရ​သော​သူ​တို့​က ``ဤ​သူ​ကား​လော​က​သို့​ကြွ​လာ​တော်​မူ​မည် ဟု​ဆို​သော​ပ​ရော​ဖက်​အ​မှန်​ပင်​ဖြစ်​၏'' ဟု ဆို​ကြ​၏။-

15. သ​ခင်​ယေ​ရှု​သည်​ထို​သူ​တို့​လာ​၍ မိ​မိ​အား အ​တင်း​အ​ဋ္ဌမ္မ​ခေါ်​ဆောင်​ကာ​မင်း​မြှောက်​ကြ လိမ့်​မည်​ကို​သိ​တော်​မူ​သ​ဖြင့် တစ်​ကိုယ်​တည်း တောင်​ပေါ်​သို့​ရှောင်​တိမ်း​သွား​တော်​မူ​၏။

ရှင်ယောဟန် 6