ရှင်ယောဟန် 5:23-25 Common Language Bible (BCL)

23. သား​တော်​အား​တ​ရား​စီ​ရင်​ပိုင်​ခွင့်​ရှိ​သ​မျှ ကို​ပေး​အပ်​ထား​တော်​မူ​၏။ သို့​ဖြစ်​၍​လူ​တို့ သည်​ခ​မည်း​တော်​အား​ရို​သေ​ကြ​သည်​နည်း တူ သား​တော်​အား​ရို​သေ​ရ​ကြ​မည်။ သား​တော် အား​မ​ရို​သေ​သော​သူ​သည်​သား​တော်​ကို​စေ လွှတ်​တော်​မူ​သော​ခ​မည်း​တော်​အား​မ​ရို​သေ သူ​ဖြစ်​၏။

24. ``အ​မှန်​အ​ကန်​သင်​တို့​အား​ငါ​ဆို​သည်​ကား ငါ​၏​စ​ကား​ကို​ကြား​နာ​၍ ငါ့​ကို​စေ​လွှတ် တော်​မူ​သော​အ​ရှင်​ကို​ယုံ​ကြည်​သူ​သည် ထာ​ဝ​ရ​အ​သက်​ကို​ရ​၏။ သူ​သည်​တ​ရား စီ​ရင်​တော်​မူ​ခြင်း​ကို​မ​ခံ​ရ​ဘဲ သေ​ခြင်း မှ​အ​သက်​ရှင်​ခြင်း​သို့​ကူး​မြောက်​သော​သူ ဖြစ်​၏။-

25. အ​မှန်​အ​ကန်​သင်​တို့​အား​ငါ​ဆို​သည်​ကား သူ​သေ​တို့​သည် ဘု​ရား​သ​ခင်​၏​သား​တော် အ​သံ​ကို​ကြား​ရ​သည့်​အ​ချိန်​ကျ​ရောက် လာ​လိမ့်​မည်။ ထို​အ​ချိန်​သည်​ယ​ခု​ပင်​ကျ ရောက်​လျက်​ရှိ​ပြီ။ သား​တော်​၏​အ​သံ​ကို ကြား​ရ​သော​သူ​တို့​သည်​အ​သက်​ပြန်​၍ ရှင်​ကြ​လိမ့်​မည်။-

ရှင်ယောဟန် 5