16. ထို့ကြောင့်ဥပုသ်နေ့၌ဤအမှုအရာကို ပြုတော်မူသည့်အတွက် ယုဒအာဏာပိုင် တို့သည်ထိုနေ့မှစ၍ကိုယ်တော်အား အနှောင့်အယှက်ပေးကြ၏။-
17. ကိုယ်တော်က ``ငါ့ခမည်းတော်သည်အဘယ် အခါမျှအလုပ်မှရပ်နားသည်ဟူ၍မရှိ။ ထိုနည်းတူစွာငါသည်လည်းလုပ်ဆောင်လျက် နေရမည်'' ဟုထိုသူတို့အားမိန့်တော်မူ၏။
18. ဤသို့မိန့်တော်မူသောကြောင့်လည်းကောင်း၊ ဥပုသ် စည်းကမ်းကိုချိုးဖောက်ရုံမက ဘုရားသခင်အား မိမိ၏အဖဟူ၍ခေါ်ကာ မိမိကိုယ်ကိုဘုရား နှင့်တန်းတူထားတော်မူသောကြောင့်လည်းကောင်း ယုဒအာဏာပိုင်တို့သည်ကိုယ်တော်ကိုသတ် ရန်ပို၍ကြံစည်အားထုတ်ကြ၏။